ရန်ကုန်၊ ဒီဇင်ဘာ ၂၆
ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တွင် ရွှေကု က္ကိုလ်ထူထောင်ခဲ့သော ရထိုက်ကုမ္ပ ဏီပိုင်ရှင် SHE Zhijiang ၏ တပည့်များနှင့်ရုံးအဖွဲ့ အားလုံးကို စစ်တပ်လက် အောက်ခံ BGF ဗိုလ်မှူးကြီး စောချစ်သူက ကိုယ်ရံတော်တပ်များနှင့် လုံခြုံ ရေးအပြည့်ချ စောင့်ရှောက်ပေးထားကြောင်း ကရင်စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
နိုဝင်ဘာလ ၁၈ ရက်နေ့မှစတင်ပြီး ရွှေကုက္ကိုလ်နယ်မြေအတွင်းမှ အဓိက အရေး ကြီးသော ရထိုက်ကုမ္ပဏီပိုင်ရှင် SHE Zhijiang ၏ တပည့်များနှင့်ရုံးအဖွဲ့ များအားလုံးကို ဗိုလ်မှူးကြီး စောချစ်သူ၏ အမိန့်ဖြင့် ဘေးကင်းလွတ်ရာ နေရာများတွင် စတင်ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပြီး ရထိုက်ကုမ္ပဏီတစ်ဖွဲ့လုံးအတွက် BGF တပ်က အထူးလုံခြုံရေး ကိုယ်ရံတော်တပ်များ ထားရှိပေးထားကြောင်း သိရှိရသည်။
“ရထိုက်ပိုင်ရှင်ရဲ့ တပည့်တွေအကုန်လုံး၊ မိသားစုဝင်တွေရော ဗိုလ်မှူးကြီးစောချစ်သူက ခေါ်ထားပေးတယ်။ အဲဒီတစ်ဖွဲ့လုံးက ဗိုလ်မှူးကြီးစောချစ်သူနဲ့လည်း အင်မတန်မှ ရင်းနှီးတယ်။ သူတို့ကို ထားတာက နိုဝင်ဘာနှောင်းပိုင်း အခြေ အနေတွ ၀ရုန်းသုန်းကားဖြစ်တော့ ရွှေကုက္ကိုလ် ကရင်ဆီဆိုင်ဘေး ကျင်းတီ (Jin Di) ဆိုက်နဲ့ ဆိုက် ၄ ဘက်မှာ ထားတာ။ အခုတော့ နေရာပြောင်းသွားပြီလားတော့မသိဘူး။ ကိုယ်ရံတော်တပ်တွေနဲ့ ထားပေးတာ။ သူတို့ လိုတာ အကုန် BGF တပ်ဖွဲ့တွေက ဝယ်ပေးတယ်။ အကုန် စီမံပေးတယ်။ အဲဒီရထိုက်တစ်ဖွဲ့လုံးက ရွှေကုက္ကိုလ်စထောင်ကတည်းက ပါလာတဲ့သူတွေ” ဟု ကရင်စစ်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။
ရထိုက်ကုမ္ပဏီတစ်ဖွဲ့လုံးကို BGF စောချစ်သူက ကာကွယ်စောင့်ရှောက်ပေးရာတွင် လုံခြုံရေး အကာ အကွယ်ပေးရုံမကဘဲ ကျားဖြန့် ဆိုက်အသစ်များ ထပ်မံ ဆောက်လုပ်ရေး များလည်း ပါဝင်ပြီး ရွှေကုက္ကိုလ်ကဲ့သို့ ကျားဖြန့်မြို့ကြီးမဟုတ်တော့ဘဲ BGF စိုးမိုးသော နေရာများတွင် ကျားဖြန့်ရွာ အငယ်စားများ တည်ဆောက်နေကြောင်း၊ ယင်းနေရာများသို့ BGF က ခွင့်ပြုထားသော သူမှ အပ မည်သူကိုမှ ဖြတ်သန်းသွားလာခွင့်မပေးကြောင်း သိရှိရသည်။
“အခု BGF က ကျားဖြန့်ရွာတွေ ပြန်တည်နေတာ သတင်းတွေတက်ပြီးပြီပဲ။ တချို့ကတော့ ရွှေက္ကိုလ်ထဲမှာ လှည့်ပတ်နေတယ်။ BGF က အဲဒီနေရာတွေကို စစ်တပ်ကို ပေးမလာဘူး။ သူတို့စခန်းပုံစံမျိုး လုပ်ထားတာ။ နောက်ပြီး ကျားဖြန့်ရွာသစ်တွေဆီကိုလည်း ရထိုက်ကလူတွေ အဲဒီဘက်တွေ ပြန်ရွှေ့နေတာလည်းရှိတယ်” ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ရှင်းပြသည်။
နိုဝင်ဘာလ ၁၂ ရက်နေ့ ညနေပိုင်းတွင် ထိုင်းအစိုးရက တရုတ်အစိုးရထံသို့ ကျား ဖြန့်နှင့် လောင်းကစားမှုများအတွက် အလိုရှိနေသူ နိုင်ငံတကာ ရာဇဝတ်တရားခံ She Zhijiang ကို လွှဲပြောင်းပေးခဲ့ပြီးနောက် ရွှေကုက္ကိုလ်မြို့အခြေ အနေမှာ ၀ရုန်းသုန်းကားဖြစ်လာခဲ့ခြင်းဖြစ်သည်။
ကျားဖြန့် ငွေလိမ်ဂိုဏ်းများ ထူထောင်ခဲ့သော She Zhijiang ကို တရုတ်ယွမ်ငွေ ဘီလီယံ ပေါင်းမြောက်မြားစွာ လိမ်လည်မှု၊ တရုတ်နိုင်ငံသားများကို လူကုန်ကူးခြင်း၊ အတင်း အကျပ် ခိုင်းစေခြင်း၊ သတ်ဖြတ်ခြင်းများအထိ ကျူးလွန်ခဲ့မှုအတွက် တရုတ်အစိုးရက အလိုရှိနေခြင်းဖြစ်သည်။
စစ်တပ်လက်အောက်ခံ BGF နှင့် DKBA အဖွဲ့များ က ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဒေါန တောင်ခြေ သစ်ကတေ့ကျေးရွာနှင့်ပတ်ဝန်းကျင်တွင်လည်း ကောင်း၊ ကျော်ခို့ကျေးရွာအနီးတွင်လည်းကောင်း၊ ဖလူးကျေးရွာအနီးတွင်လည်းကောင်း ကျားဖြန့်ကျေးရွာ သစ်များစွာ အရှိန်အဟုန်ဖြင့် ရက်ပိုင်းအတွင်း တည်ဆောက်လျက်ရှိသည်။
ဓာတ်ပုံ – စစ်တပ်လက်အောက်ခံ BGF စောချစ်သူက ကိုယ်ရံတော်တပ်များဖွဲ့စည်း စောင့်ရှောက်ပေးထားသော ရထိုက်ကုမ္ပဏီပိုင်ရှင်SHE Zhijiang ၏ တပည့်များနှင့်ရုံးအဖွဲ့ များကို ဆုတောင်းပွဲတွင် တွေ့ရစဉ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar







