ဒီကနေ့ ဒီဇင်ဘာ ၂၆ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့ရဲ့ ဆရာဖြစ်ခဲ့ဖူးတဲ့ သူရဦးအောင်ကိုနဲ့ စီးပွားရေး ခရိုနီ ဧဒင် ချစ်ခိုင်အပါအဝင် ၃ ဦးကို အဂတိမှု အပြင် ၊ နောက်ထပ် ဗိုလ်ချုပ် ၃ ဦးကိုပါ ကျားဖြန့်ကိစ္စနဲ့ ပတ်သက်နေမှုဆိုပြီး အဲ့ဒီ့လူတွေကို ပေးထားတဲ့ ဂုဏ်ထူးဆောင်ဘွဲ့တွေကို ပြန်လည်ရုပ်သိမ်းလိုက်တယ်လို့ စစ်တပ်က ထုတ်ပြန်ထားတဲ့ ပြန်တမ်းအရ သိရပါတယ်။
- မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က၊ ကင်ပွန်းချောင်း စခန်းမှာ ကျိုက်ထီးရိုးဘုရားဖူးဖို့လာတဲ့ အကြမ်းဖက် စစ်တပ်ဘက်က ဒုအရာခံဗိုလ် သန်းဝင်း ဆိုသူကို တော်လှန်ရေးတပ်တွေက အရှင်ဖမ်းဆီး ရမိထားတယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF ရဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- မကွေးတိုင်း၊ အောင်လံမြို့က အကြမ်းဖက် စစ်တပ်ရဲ့ ခလရ ၇၁ တပ်ရင်းနေ ထွက်လာတဲ့ စစ်ကြောင်း ကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခြေမှုန်းမှုအတွင်း စစ်တပ်ဘက်က အရာရှိ ၁ ဦး အပါအဝင် စစ်သား ၁၆ ဦးကတော့ အသီးသီး သေကုန်ကြပြီး ၊ သူတို့စစ်သားမသာ အလောင်းတွေနဲ့ ဒဏ်ရာရတဲ့သူ တွေကို အသည်းအသန်သယ်သွားကြတယ်လို့ Yoma Fighter Column အဖွဲ့ရဲ့ စစ်ကြောင်းမှူး ရဲဘော်ဇေကြီးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- အကြမ်းဖက် စစ်တပ်ကလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲကို ပြည်သူတွေ မဲမပေးဘဲဆန့်ကျင်ရေး အတွက် “အရုပ်သည်ကြီး” အမည်နဲ့ တော်လှန်ရေးဇာတ်လမ်းတို တော်လှန် YouTube channel တွေကနေ တစ်ပြိုင်ထဲ ထုတ်လွှင့်မယ့် သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




