27 C
Yangon

နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် စစ်တပ်စစ်ကြောင်း ခေတ္တစခန်းချနေစဉ် ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံးဟုဆို

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၇

နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ သဲချောင်းကျေးရွာအနီး၌ စစ်တပ်စစ်ကြောင်း ခေတ္တစခန်းချနေစဉ် ပြောက်ကျားပစ်ခတ်တိုက် ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးသွားကြောင်း PDF Tatkon တပ်ရင်း ၈၀၃ တပ်ခွဲမှူး ရဲဘော် ကောင်းဘွိုင်က ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဒီဇင်ဘာလ ၂၅ ရက်နေ့ ညနေ ၃ နာရီခန့်အချိန် စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲအား အကာ အကွယ် ပေးရန်အတွက် စစ်ကော်မရှင်တပ်သား ၂၀ ခန့်က နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ သဲ ချောင်း ကျေးရွာဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ပြီး သဲချောင်းကျေးရွာသို့ မရောက်မီ ခေတ္တ စခန်းချနေခဲ့ကြောင်း သိရသည်။

ထိုသို့ ခေတ္တစခန်းချနေချိန် တော်လှန်ရေးတပ်ဖွဲ့ဝင်များက အလစ်အငိုက် ပြောက်ကျားစနစ်ဖြင့် ဝင် ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁၀ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး စစ်သား ၃ ဦး သေဆုံး ကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ရွေးကောက်ပွဲလုပ်ဖို့ ရွာတွေဘက်ကို စစ်ကြောင်း ပတ်ဝင်နေတာ၊ ဘယ်နေရာက ထွက်လာလဲဆိုက တော့ ပြောရခက်တယ်။ လူမရှိတော့ ဟိုစုဒီစုနဲ့ ထွက်လာတာ။ တခါတလေ လက်ရုံးတပ်တွေလည်း ပါတယ်၊ ပြည်သူလူထုအနေနဲ့ ရွေးကောက်ပွဲကို လုံးဝမထောက်ခံဖို့နဲ့ တတ်နိုင်သမျှ ဆန့်ကျင်ပေးကြ ဖို့ တိုက်တွန်းချင်ပါတယ်၊” ဟု PDF Tatkon တပ်ရင်း ၈၀၃ တပ်ခွဲ မှူး ရဲဘော် ကောင်းဘွိုင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို နေပြည်တော်တိုင်းစစ်ဌာန၊ ဗျူဟာ အမှတ် ၁၈ မှ တပ်ရင်း ၈၀၃၊ ၈၀၂ နှင့် တပ်ကုန်းမြို့နယ် ပကဖအဖွဲ့များ ပူးပေါင်းကာ စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲကို ဟန့်တားတိုက်ဖျက်ရန်အတွက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော် လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက် မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article