ဒီကနေ့ ဒီဇင်ဘာ ၂၈ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-၂၀၂၅ ခုနှစ်နှစ်ကုန်ပိုင်းကနေစပြီးလာမယ့် ၂၀၂၆ ခုနှစ်အထိ တိုက်ပွဲတွေ အရှိန်အဟုန်နဲ့ကို ပိုပြီး ပြင်းထန်လာနိုင်ဖွယ်ရှိတယ်လို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သတိပေးပြောဆိုလာပါတယ်။
– စစ်ကိုင်းတိုင်းက တမူးခရိုင်မှာ အကြမ်းဖက် စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်တဲ့ လူ ပုဂ္ဂိုလ်တွေနဲ့ ပါတီတွေရဲ့ ပိုင်ဆိုင်မှုတွေ အားလုံးကို ပြည်သူပိုင်အဖြစ် သိမ်းဆည်းမယ်လို့ တမူးမြို့နယ် အရေးပေါ်အုပ်ချုပ်ရေး (ဗဟို) အဖွဲ့က သတိပေးထုတ်ပြန် ကြေညာလာပါတယ်။
– မကွေးတိုင်း၊ နတ်မောက်မြို့က KTV တစ်ခုမှာ အကြမ်းဖက် စစ်တပ် အရာရှိနဲ့ စကားများရန်ဖြစ်ခဲ့တဲ့ အရပ်သား ပြည်သူ အမျိုး သား ၄ ဦးကို စစ်တပ်က ပစ်ခတ်သတ်ဖြတ်လိုက်ပြီးနောက် PDF တပ်ဖွဲ့က သတ်ဖြတ်တယ်ဆိုပြီးတော့ လိမ်လည်ဝါဒဖြန့်နေတဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။




