ဒီကနေ့ ဒီဇင်ဘာ ၂၈ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
အကြမ်းဖက် မင်းအောင်လှိုင်က သမ္မတ လုပ်ရေး၊ မလုပ်ရေးကို လွှတ်တော်အတွင်းမှာ သမ္မတ ရွေးချယ်ရေးကာလကျမှဘဲ ပြောဆိုဖို့ သင့်တော်မယ်ဆိုပြီး ထုတ်ဖော်ပြောဆိုပါတယ်။
-တနင်္သာရီတိုင်း၊ ထားဝယ်မြို့ အစိုးရတိုင်းရုံးမှာ ဒီနေ့ မနက်ပိုင်း လက်နက်ကြီးကျည်တွေ ကျရောက် ပေါက်ကွဲပြီး အကြမ်းဖက် စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုရှိတယ်လို့ ဒေသတွင် စစ်ရေးသတင်းရင်း မြစ်နှင့် ဒေသခံပြည်သူတွေက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲ ကျင်းပဖို့ နာရီပိုင်းအလိုမှ ရွေးကောက်ပွဲ မကျင်းပမယ့် မြို့နယ် ၉ ခု စာရင်းကို ထပ်မံ ကြေညာလာပါတယ်။
ကရင်ပြည်နယ်၊ ဖာပွန် ဗျူဟာစခန်းမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး အကြမ်းဖက် စစ်တပ်က လေယာဉ်၊ လက်နက်ကြီးတွေနဲ့ အပြင်းအထန် ခုခံနေတယ်လို့ နဂါးနက်စစ်ကြောင်းမှူး ဗိုလ်တတ်တူးက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်မှာ ဒီကနေ့ ရွေးကောက်ပွဲ မဲရုံကို မဲလာပေးသူ မရှိပေမယ့် မနေ့ညပိုင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ ကြံ့ဖွတ်ရုံးရှေ့ကို လာရောက်စပ်စုသူ အထူးများပြားနေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။




