26 C
Yangon

ထားဝယ်ခရိုင် ရာဖူးကျေးရွာအတွင်း တပ်စွဲထားသော စစ်တပ်၏ ခလရ ၂၈၂ တပ်စခန်းကို ဝင်ရောက် တိုက်ခိုက်မှု တပ်ကြပ် အပါအဝင် စစ်သား ၃ ဦး သေဆုံး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၉

တနင်္သာရီတိုင်း ထားဝယ်ခရိုင် ရာဖူးကျေးရွာအတွင်း တပ်စွဲထားသော အကြမ်းဖက်စစ်တပ်၏ ခလရ ၂၈၂ တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်ဘက်မှ တပ်ကြပ် အပါအဝင် စစ်သား ၃ ဦး သေဆုံးသွားကြောင်း ရေးဘီလူးတပ်ဖွဲ့ ၏ ခေါင်းဆောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ယမန်နေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့ ရာဖူးရွာထဲ တပ်စွဲထားသည့် အင်အား ၅၀ ခန့်ရှိ အကြမ်းဖက်စစ်သားများကို ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး မိနစ် ၂၀ ဝန်းကျင်ခန့် တိုက်ပွဲချိန် ကြာမြင့်ခဲ့ကြောင်း သိရှိရသည်။

“မနေ့တုန်းက ရာဖူးရွာမှာ တိုက်ပွဲဖြစ်ခဲ့တယ်။ ၂၈၂ က တပ်စွဲထားတဲ့ စစ်ကြောင်းနဲ့ ဖြစ်တယ်။ သူတို့ဘက်ခြမ်းက ထိခိုက်မှု ရှိတယ်။ ကျဆုံးမှုကတော့ ၃ ဦး ရှိတယ်။ ကျဆုံးမှုမှာ တပ်ကြပ် ၁ ယောက်ပါတယ်။ ကျနော်တို့က မစ်ရှင် ပုံစံမျိုးနဲ့ပဲ ဝင်တိုက်တယ်။ သူတို့တွေ နေထိုင်နေတာတော့ အရင်တုန်းက တစ်ခေါက်တော့ ပြန်ဆုတ်သွားပြီး ပြန်တိုးလာတာ မကြာသေးဘူး။ ရွာထဲမှာ နေထိုင်တဲ့ စစ်ကြောင်းနဲ့ တိုက်ပွဲ ဖြစ်တယ်”ဟု ရေးဘီလူးတပ်ဖွဲ့၏ ခေါင်းဆောင် တပ်ရင်းမှူးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို KNLA တပ်ရင်း ၂၇ နှင့် ရေးဘီလူးအဖွဲ့ ပူးပါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး တိုက်ပွဲအတွင်း အကြမ်းဖက်စစ်သားများဘက်က လက်နက်ကြီး လက်နက်ငယ်များနှင့် ပြန်လည် ပစ်ခတ်ခဲ့သော်လည်း အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article