26 C
Yangon

ထိုင်းနိုင်ငံရှိ အီလက်ထရောနစ်စက်ရုံတွင် တရားဝင် မြန်မာအလုပ်သမား ၁၆၀၀ ဦးကို နစ်နာကြေး ပေး၍ အလုပ်ရှင်က အလုပ်ဖြုတ်

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၉

ထိုင်းနိုင်ငံ၊ ဖစ်ဘူရီခရိုင်ရှိ ခယ်ကွန်း- အီလက်ထရောနစ်စက်ရုံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမား ၁၆၀၀ ဦးကို ကြိုတင်အကြောင်းကြားခြင်း မရှိဘဲ အလုပ်ရှင်က အလုပ်မှ ထုတ်လိုက်ကြောင်း MHAC မဟာမိတ်အဖွဲ့က အေအေစီ ကိုရဲမင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ယနေ့ ဒီဇင်ဘာလ ၂၉ ရက်နေ့ နံနက်ပိုင်း အလုပ်ရှင်က တစ်စုံတစ်ရာ ကြိုတင်အသိပေးခြင်း မရှိဘဲ အလုပ်ထုတ်လိုက်ခြင်းဖြစ်ပြီး အလုပ်ထုတ် နစ်နာကြေးရရှိသော်လည်း အလုပ်သမားများမှာ အစုလိုက် အပြုံလိုက် အလုပ်ထုတ်ခံလိုက်ရ၍ အခက်အခဲများ ကြုံတွေရကြောင်း သိရှိရသည်။

“သူက အလုပ်ဖြုတ်လိုက်တယ်ဆိုပေမယ့် ထိုင်းဥပဒေပါအတိုင်း နစ်နာကြေးအပြည့်အဝပေးထားတဲ့ သဘောဖြစ်တာပေါ့နော်။ တစ်နှစ်အောက် အလုပ်သမားဆိုရင် အလုပ်ဖြုတ်နစ်နာကြေးက တစ်လစာရယ်၊ ကျန်တဲ့ ကြိုမပြောခ ဘာညာတွေနဲ့ ပေါင်းလိုက်တော့ တစ်ဦးကို ၂၇၀၀၀ ရတယ်။ တစ်နှစ်နဲ့ သုံးနှစ်ကြား အလုပ်သမားတွေဆို တစ်ဦးကို ၅၃၀၀၀ ရတယ်။ လူတိုင်း အကုန်ရတယ်။ မြန်မာလုပ်သား ၁၆၀၀ ကို အလုပ်ဖြုတ်လိုက်တာ။ ဒါက လွန်ခဲ့တဲ့ လပိုင်းက အလုပ်သမား ၁၄၀၀ ကို အလုပ်ဖြုတ်လိုက်တဲ့ အီလက်ထရောနစ်စက်ရုံနဲ့ အတူတူပါပဲ။ ဒီစက်ရုံအုပ်စုပဲ အဲဒီစက်ရုံခွဲက တစ်ခုပေါ့။ အလုပ်သမားတွေဘက်က အများကြီးနစ်နာတယ်။ အစုလိုက် အပြုံလိုက်အလုပ်ဖြုတ်ခံရတော့။ ဒီလိုကာလကြီးမှာ အလုပ်ရှာဖို့ခက်တယ်။ အလုပ်စမတ်ခ၊ အလုပ်ပြောင်းရွှေ့ခ၊ အခန်းစပေါ်ခတွေနဲ့ လုံးချာလိုက်ပြီး ဒီနစ်နာကြေးက ဘာမှ လုပ်လို့မရဘူး” ဟု အေအေစီ ကိုရဲမင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အလုပ်သမားများအနေနှင့် နစ်နာကြေး အပြည့်ရရှိခဲ့သော်လည်း အဆိုပါ နစ်နာကြေးများသည် နောက် ထပ် အလုပ်ရှာခ၊ အလုပ်စမတ်ခ၊ နေရာ ပြောင်းရွှေ့ခများအသုံးပြုရမည်ဖြစ်ပြီး ငွေကြေး ကုန်ကျမှု ပိုမိုများပြားလာဦးမည်ဖြစ်ကြောင်း၊ အလုပ်သမားများအနေနှင့် ထိုသို့ မကြာခဏ အလုပ်ဖြုတ်ရန် ဝန်မလေးသည့် စက်ရုံများကို သတိထားရန် လိုကြောင်း အလုပ်သမားအရေးကူညီပေးနေသူများက သတိပေးထားသည်။

“ အလုပ်သမားတွေ လိုချင်တာလည်း နစ်နာကြေးတွေ လျှော်ကြေးတွေ မဟုတ်ဘူး ။ သူတို့ရဲ့ ချွေးနဲစာနဲ့ သူတို့ရဲ့ ခွန်အားနဲ့ ရတဲ့ လုပ်အားခလိုချင်တာ။ ဒီလို စက်ရုံမျိုးတွေကို သတိထားရမှာ ။ သူက လုပ်ငန်းလိုအပ်ချက်များရင် လူတွေကို ထောင်နဲ့ ချီပြီး ခေါ်တယ်။ အလုပ်လိုအပ်ချက်မရှိဘူးဆိုရင် ဖြုတ်တယ်။ နစ်နာကြေးပေးပေမယ့် အလုပ်သမားတွေ အရမ်းနစ်နာတယ်။ ဒီလို အစုလိုက်အပြုံလိုက် အလုပ်ပြုတ်ရတဲ့ အခြေအနေတွေက” ဟု အေအေစီ ကိုရဲမင်းက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article