26 C
Yangon

ဘုတ်ပြင်းနှင့် တောင်သာမြို့ တို့တွင် စစ်စခန်းနှင့်စစ်ကြောင်းများကို တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၉

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ် ဘိုဒါးကျေးရွာတွင်အထိုင် ချထားသည့် အကြမ်းဖက် စစ်တပ် ဂိတ်ကို ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း Knlaတပ်ရင်း၂၀၃ တပ်ခွဲ၄ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဒီဇင်ဘာလ ၂၈ ရ့က်နေ့တွင် နံနက် ၁၁နာရီ ၁၀မိနစ်ခန့်တွင် ဘုတ်ပြင်းမြို့နယ် ဘိုဒါးကျေးရွာတွင်အထိုင် ချထားသည့် အကြမ်းဖက် စစ်တပ် ဂိတ်ကို တော်လှန်ရေး တပ်ဖွဲ့များ ပြောက်ကျားစစ်ဆင်ရေးဖြင့် သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါတိုက်ပွဲမှာ မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့ပြီ် အကြမ်းဖက်စစ်တပ်ဘက်မှ စစ်သား ၁ ဦးသေဆုံးကြောင်း၊ စစ်သားများမှာ ဂိတ်မှ ထွက်ပြေးသွားကြောင်း သိရှိရသည်။

“သူတို့ ဘက်မှာ ၁ ဦးကျဆုံးတာတော့သိရပြီး နောက်ထပ် သေဆုံးနဲ့ထိခိုက်မှုကိုတော့ စုံစမ်းနေဆဲပါ။ သူတို့က မဲပေးလျက်နဲ့ဆိုတော့ လမ်းကင်းတို့ မဲရုံလုံခြုံရေးတို့ ယူထားရမယ်လို့တော့ထင်တယ်လေ။ ဒါ့ကြောင့် သူတို့ ၁၅ ဦးလောက်ပဲရှိနိုင်ပါတယ်။ လွဲချော် မှုလေးတွေရှိခဲ့လို့ လက်နက်ခဲယမ်းတွေ မရရှိလိုက်ပါဘူး။ ဒီဇင်ဘာလ ၂၈ ရက်နေ့ မဲပေး ရက်ဆိုတော့ ကျနော်တို့လည်း နေရာအနှံ့လှုပ်ရှားနေရတာဆိုတော့ အားနည်း ချက်တွေရှိတဲ့အပြင် အနည်းငယ်လွဲချော် မှုတွေရှိနေသောကြောင့် နောက်ထပ် အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားဖို့ရှိပါတယ်” ဟု Knla တပ်ရင်း၂၀၃ တပ်ခွဲ၄ မှ တာဝန်ရှိသူကပြောဆိုသည်း။

အဆိုပါတိုက်ခိုက်မှုကို ဘုတ်ပြင်းမြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့ ၊ SSTF Done Force နှင့် KNLA တပ်ရင်း ၂ဝ၃၊ အမှတ် ၄ တပ်ခွဲ တို့က ပူး ပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။

အလားတူ မန္တလေးတိုင်း၊ တောင်သာမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် အထိုင်ချ တပ်စွဲထားသည် နေရာ ၃ ခုကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း Taung Tha People Defense Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် တောင်သာမြို့ပေါ်ရှိ စစ်တပ် အထိုင်ချ တပ်စွဲထားသည့် တောင်သာမြို့မရဲစခန်းဘိုးဘွားရိပ်သာနှင့် မြို့နယ်တရားရုံးတို့ကို တော်လှန်ရေး တပ်ဖွဲ့များက လက်နက်ကြီး ၄လုံးဖြင့် သတိပေး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိကြောင်း သိရှိရသည်။

“စကမ မြို့နယ်တရားရုံးနဲ့ တောင်သာမြို့နယ်ရဲစခန်းတွေက စစ် ဆင်ရေး ပစ်မှတ်တွေဖြစ်လို့ ခွေးကောက်ပွဲနေ့ အထိမ်းမှတ်အနေနဲ့ လက်နက်ကြီး ၄ လုံးနဲ့ သတိပေး ပစ် ခတ်တိုက်ခိုက်ခဲ့တာပါ” ဟု Taung Tha People Defense Force မှ တာဝန်ရှိသူက‌ ပြောဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို Taung Tha People Defense Force (TTA-PDF)၊ DSNDA နှင့် ၀ဲလောင်တိုင်နယ်ပကဖ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ တောင်သာမြို့အတွင်းရှိ မိဘပြည်သူများအနေဖြင့်လည်း အကြမ်းဖက် စစ်တပ် အနီးတွင် မနေကြရန် Taung Tha People Defense Force က အသိပေးနှိုးဆော်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article