32 C
Yangon

ဂျပန်နိုင်ငံ အိုဆာကာမြို့တွင် မြန်မာပြည်ငြိမ်းချမ်းရေးအတွက် တောင်းဆိုလှုပ်ရှား

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁

ဂျပန်နိုင်ငံ အိုဆာကာမြို့တွင် ငြိမ်းချမ်းရေးကမ်းလက်များအဖွဲ့က မြန်မာပြည်ငြိမ်းချမ်းရေးအတွက် ငြိမ်းချမ်းရေးတောင်းဆိုပွဲကို ဇန်နဝါရီလ ၁ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ငြိမ်းချမ်းရေးကမ်းလက်များအဖွဲ့က အကြမ်းဖက်စစ်တပ်ကို ဒေါ်အောင်ဆန်းစုကြည်နှင့်နိုင်ငံရေးအကျဉ်းသားများအားလုံးကိုအမြန်ဆုံး လွှတ်ပေး၍ တွေ့ဆုံဆွေးနွေးမှုဖြင့်အဖြေရှာပေးရန်၊ တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲကြောင်းကြေညာ၍ လေယာဉ်ဖြင့်ဗုံးကြဲနေမှုများ၊ တန်ပြန်ထိုးစစ် ဆင်နေမှုများကို ချက်ချင်းရပ်တန့်ပေးရန်၊ တော်လှန်ရေးတပ်ဖွဲ့များ၊တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အားလုံးကိုဖိတ်ခေါ်ကာငြိမ်းချမ်းရေးဆွေးနွေးပွဲများစတင်ကျင်းပပေးရန်၊စစ်မှုထမ်းဥပဒေကိုဆိုင်းငံ့၍အတင်းအဓမ္မဖမ်းဆီးစစ်မှုထမ်းခိုင်းနေမှုများနှင့် စစ်အင်အားဖြည့်တင်းနေမှုများကိုရပ်တန့်ပေးရန်၊ မြစ်ဆုံစီမံကိန်း ရပ်တန့်ရန် စသည့်အချက်များ တောင်းဆိုခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့စည်းများနှင့်တော်လှန်ရေးအဖွဲ့အစည်းမျာကိုလည်း အပစ်ခတ်ရပ်စဲကြောင်းကြေညာ၍ မြို့သိမ်းတိုက်ပွဲ၊ စခန်းသိမ်းတိုက်ပွဲဆင်နွှဲနေမှုများကို ရပ်တန့်ပေးရန်၊ တော်လှန်ရေးအဖွဲ့စည်းတချို့မှ အဓမ္မစစ်သားစုဆောင်နေခြင်းအားရပ်တန့်ပေးရန်၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖြစ်ပေါ်လာရေးအတွက်လက်ကမ်းကြိုဆိုပူးပေါင်းပေးရန်၊ နိုင်ငံရေးသဘောတူညီမှုရရှိရေးထက်ပထမဦးစွာ အပစ်ခတ်ရပ်စဲရေး, အောင်မြင်ရေးကို ပိုမိုအလေးထားဦးစားပေးဆောင်ရွက်ပေးရန်၊ တိုင်းပြည်ပြန်လည်တည်ငြိမ်းရေးအရွေ့သို့ပြန်သွားနိုင်ရေးအတွက် တော်လှန်ရေးအဖွဲ့စည်းများအားလုံးငြိမ်းချမ်းရေးမူဆွေးနွေးပွဲများပြုလုပ်ပေးရန် တို့ကိုတောင်းဆိုခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article