တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ် ချောင်းမွန် ကျေးရွာတွင် အထိုင်ချ တပ်စွဲထားသည့် စစ်စခန်းမှ စစ်မှုထမ်းတပ်သား သစ် ၁ ဦးက သေနတ် ၁ လက်ယူဆောင်အလင်းဝင်ခဲ့ကြောင်း PDF Kawthaung District Battalion 1 – P23201 မှ တာဝန်ရှိ ရဲဘော်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဇန်နဝါရီလ ၁ ရက်နေ့ ဘုတ်ပြင်းမြို့နယ် ချောင်းမွန် ကျေးရွာတွင် အထိုင်ချ တပ်စွဲထားသည့် စခန်းမှ စစ်မှုထမ်းတပ်သားသစ် ၁ ဦးက သေနတ် ၁ လက်ယူဆောင်လာပြီး ကော့သောင်းခရိုင် အမှတ် ၁ တပ်ရင်း ထံသို့ ဆက်သွယ်လာကာ အလင်းဝင်ရောက်လာခဲ့ကြောင်း၊ ထိုအလင်းဝင်ရောက်လာသော စစ်မှုထမ်း တပ်သားသစ် ၁ ဦးက MA-1 သေနတ် ၁လက်၊ ကျည် ၁၀၀ တောင့် ၊ ကျည်ဘောက် ၃ ခု တို့ယူဆောင်လာခဲ့ကြောင်း၊ အလင်းဝင် စစ်မှုထမ်း တပ်သားသစ်မှာ စစ်မှုထမ်း အပတ်စဉ် ၁၆ သင် တန်းဆင်းဖြစ်ပြီး၊ စစ်မှုထမ်း သင်တန်းကျောင်းကို ဝဲကလိ၊ သံဖြူဇရပ် သင်တန်း တက်ရောက်ခဲ့ပြီး၊ ထားဝယ်ခရိုင် ၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့ ဘက်တွင်နေထိုင်ခဲ့ပြီး အကြမ်းဖက်စစ်တပ်၏ ပေါ်တာဆွဲခြင်းကို ခံရသူတစ်ဦးဖြစ်ကြောင်းသိရှိရသည်။
“အလင်းဝင်ရောက်လာတဲ့သူက ဘုတ်ပြင်းမြို့နယ် ချောင်းမွန် ကျေးရွာတွင် အထိုင်ချ တပ်စွဲထားတဲ့ စခန်းမှ စစ်မှုထမ်းတပ်သားသစ် ၁ ဦးပါ။ စစ်မှုထမ်း အပတ်စဉ်ကတော့ ၁၆ကပါ။ စစ်မှုထမ်း သင်တန်းကို ဝဲကလိ၊ သံဖြူဇရပ် သင်တန်းကျောင်းတက်ရောက် ခဲ့တာပါ။ အလင်းဝင်ရောက်လာတဲ့သူက ထားဝယ်ခရိုင် ၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့ ကပါ။ စစ်ခွေးတွေ ပေါ်တာဆွဲခြင်းခံရတာပါ။ MA-1 သေနတ် ၁လက် ကျည် ၁၀၀ တောင့် ၊ ကျည်ဘောက် ၃ ခု တို့ယူဆောင်လာပါတယ်”ဟု PDF Kawthaung District Battalion 1 – P23201 မှ တာဝန်ရှိသူက ပြောဆိုသည်။




