26 C
Yangon

မိုးကုတ်မြို့တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဦးဇင်း ၁ ပါးနှင့် အမျိုးသမီး ၁ ဦးသေဆုံးပြီး ဘုန်းကြီးကျောင်းပျက်စီး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၄

မန္တလေးတိုင်း၊ မိုးကုတ်မြို့တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပြည်သူလူထုကို ပစ်မှတ်ထားကာ တိုက်ခိုက်မှုကြောင့် ဦးဇင်း ၁ ပါးနှင့် အမျိုးသမီး ၁ ဦး သေဆုံးပြီး ဘုန်းကြီးကျောင်းလည်း ပျက်စီး သွားကြောင်း ဒေသနေပြည်သူများက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ယနေ့ ဇန်နဝါရီလ ၄ ရက်နေ့ နံနက် ၈ နာရီ ၂၈ မိနစ်အချိန် မိုးကုတ်မြို့အရှေ့ပိုင်း လယ်ဦးဘုန်းကြီး ကျောင်း၊ စာသင်ကျောင်းနှင့် ရှုခင်းသာအကျော် ၅ မိုင်ဘက်သို့ စစ်တပ်က ရည်ရွယ်ချက်ရှိရှိဖြင့် ပြည် သူလူထုကို ပစ်မှတ်ထားကာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ တိုက်ခိုက်မှုကြောင့် လယ်ဦးဘုန်း ကြီးမှ ဦးဇင်း ၁ ပါး ထိမှန်ပျံလွန်တော်မူကာ အမျိုးသမီး ၁ ဦးလည်း သေဆုံးခဲ့ကြောင်း၊ ထို့အပြင် ရတနာသီရိဘုန်းကြီးကျောင်းလည်း ပျက်စီးခဲ့ကြောင်း သိရသည်။

“ဘာတိုက်ပွဲမှ မရှိပဲနဲ့ ပစ်တာပါ။ PDF တွေကို ပုံဖျက်ချင်ပုံရတယ်။ သူတို့တပ်စွဲထားတဲ့နေရာတွေကို PDF တွေက မကြာ မကြာ ချတော့ ပုံဖျက်ဖို့ ပြည်သူလူ ထုကို ပစ်ခတ်ပါ။ ဦးဇင်းတစ်ပါးအလောင်းက အခုထိအလောင်းမကောက်နိုင်သေးဘူး။ ဒီအတိုင်း ပစ်ထားရသေးတယ်။ အသားစတွေလိုက်ကောက် ရမှာ။ အမျိုးသမီးတစ်ယောက်လည်းသေတယ်။ ကလေး လေးပွေ့ပြီးရပ်နေတာ။ လက်နက်ကြီးစမှန် ပြီးသေတာ။ ကလေးလေးကတော့ ဘာမှ မဖြစ် ဘူး” ဟု ဒေသနေ ပြည်သူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

အကြမ်းဖက်စစ်တပ်က ပုန်းလျှိုးကွယ်ရှိုးတပ်စွဲကာ ပြည်သူလူထုကို ပစ်မှတ်ထားတိုက်ခိုက်လျက်ရှိ သော ကြောင့် ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်သားများတပ်စွဲထားရာနေရာများကို တော် လှန်ရေးအဖွဲ့များထံ သတင်းပေးပို့ခြင်းဖြင့် ကူညီပေးကြပါရန်နှင့် စစ်တပ်တပ်စွဲထားရာနေရာအနီး တွင် နေထိုင်ခြင်းမပြုကြပါရန် တိုက်တွန်းထားသည်။

“ဘယ်နေရာတွေမှာ တပ်စွဲပြီးပစ်နေတာလည်း မသိရသေးဘူး။ ဗျူဟာကုန်းကနေ ပစ်ရင်လည်း တွေနိုင်တယ်။ အရင်ကတော့ ဘောလုံးကွင်းမှာ တပ်စွဲထားတာ။ အဲဒီနေရာကို PDF တွေသိသွားလို့ နေရာရွှေ့သွားတယ်။ ဆေးရုံမှာတပ်စွဲတော့လည်း PDF တွေက မကြာခဏချတယ်။ ပြည်သူတွေအ နေနဲ့ စခတပ်စွဲထားတဲ့နေရာတွေသိရင် အဲလိုနေရာ အနီးအနားမှာရှောင်စေချင်တယ်။ ပြီးရင် PDF အဖွဲ့တွေကို သတင်းပေးခြင်းဖြင့် အားဖြည့်စေချင်တယ်။ သတင်းအချက်အလက်တွေက အဖွဲ့တွေ အတွက် အရေးကြီးတယ်” ဟု ဒေသနေပြည်သူတစ်ဦးက ပြောဆိုသည်။

မိုးကုတ်မြို့ကို TNLA က ဆုတ်ခွာသွားပြီးနောက် စစ်တပ်က ထိန်းချုပ်ထားသော်လည်း တော်လှန်ရေးတပ်များက ထိုးစစ်ဆင်နေဆဲဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article