26 C
Yangon

မြန်မာ့အရေး ဖြေရှင်းရေး အာဆီယံဘုံသဘောတူညီချက် ၅ ချက် အကောင်အထည်ဖော်ရန် အာဆီယံဥက္ကဋ္ဌသစ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက မင်းအောင်လှိုင်ကို တွေ့ဆုံ ဆွေးနွေး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၇

မြန်မာ့အရေး ဖြေရှင်းရေး အာဆီယံဘုံသဘောတူညီချက် ၅ ချက် အကောင်အထည်ဖော်ရန် အာဆီယံဥက္ကဋ္ဌသစ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးMa. Theresa P. Lazaro က မင်းအောင်လှိုင်ကိုတွေ့ဆုံ ဆွေးနွေးကြကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်သမ္မတ ဖာဒီနန် အာရ် မားကို့စ် ဂျူနီယာက မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ် စားလှယ် သံတမန်အဖြစ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မာသာရီဆာ ပီ လာဇာရိုကို ခန့်အပ်ခဲ့ပြီးနောက် ဇန်နဝါရီလ ၆ ရက်နေ့တွင် ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံ၊ နေပြည်တော်သို့ လာရောက်ပြီး အကြမ်းဖက် စစ်ခေါင်း ဆောင် မင်းအောင်လှိုင်ကို တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက လက်ရှိ ပထဝီနိုင်ငံရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေ အထူးသဖြင့် လက်ရှိရွေးကောက်ပွဲအခြေအနေများကို ဆွေးနွေးသည့်အပြင် အာဆီယံဥက္ကဋ္ဌအဖြစ် ဖိလစ်ပိုင်၏ ဦးစားပေးများ အပြင် မြန်မာ့အရေးဆိုင်ရာ အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကိုလည်း အကောင်အထည်ဖော်မှုတို့အပေါ် ဆွေးနွေးကြကြောင်း သိရှိရသည်။

“အာဆီယံဥက္ကဋ္ဌအနေဖြင့် ဖိလစ်ပိုင်နိုင်ငံက ယခင် အာဆီယံဥက္ကဋ္ဌများ၏ ကြိုးပမ်းအားထုတ်မှုများကို ဆက်လက်တည်ဆောက်သွားမည်ဖြစ်ပြီး ဘုံသဘောတူညီချက် ၅ ချက်ကိုအကောင် အထည်ဖော်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း” ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုသည်။

အကြမ်းဖက် မင်းအောင်လှိုင်က အာဆီယံဥက္ကဋ္ဌအဖြစ် ဖိလစ်ပိုင်၏ အခန်းကဏ္ဍကို အသိအမှတ်ပြု ထောက်ခံ သည်ဟု ပြောဆိုခဲ့ကြောင်း သိရှိရသည်။

ယင်းအပြင် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံမှ ကျားဖြန့် လုပ်ငန်းများမှ လွတ်မြောက်လာသော ဖိလစ်ပိုင်လူမျိုး ၆၀၀ ကျော်ကို နေရပ်ပြန်ပို့ရာတွင် လျင်မြန်စွာ အကူအညီပေးသည့်အတွက် မြန်မာနိုင်ငံအား ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့သည်။ ယင်းအပြင် မင်းအောင်လှိုင်က ရာဇဝတ်မှုဖြင့် ပြစ်ဒဏ်ချမှတ်ခံထားရသော ဖိလစ်ပိုင်နိုင်ငံသားတစ်ဦးကိုလည်း လွတ်လပ်ရေးနေ့အဖြစ် လွတ်ငြိမ်းခွင့်ပေးခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article