23 C
Yangon

ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ PDF ကာကင်းကို လာရောက်တိုက်ခိုက်သည့် စစ်တပ်နှင့် တိုက်ပွဲဖြစ်ပွားပြီး စစ်သားများ ထိခိုက်သေဆုံးမှုများပြား

Must read

ရန်ကုန်၊ ဇန်နဝါရီ ၉

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အရှေ့ဘက်ကမ်းရှိ PDF ကာကင်းကို လာရောက်တိုက်ခိုက်သည့် အကြမ်းဖက် စစ်တပ်နှင့် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၂၀ ဦး သေဆုံးခဲ့ကြောင်း တပ်ရင်း ၈၀၈ – နေပြည်တော် PDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ‎၂ ရက်နေ့ ‎နံနက်အစောပိုင်းတွင် ဆွာမြို့ အခြေစိုက် ခလရ-၁၉ တပ်ရင်းမှ စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်နှင့် PNO ပူးပေါင်းထားသော အင်အား ၁၅၀ ခန့်သည် စစ်တောင်းမြစ် အရှေ့ဘက်ကမ်းရှိ တော်လှန်ရေးတပ်ဖွဲ့များ၏ ကာကင်း ၂ ခုကို လာရောက် တိုက်ခိုက်သောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၆၀ မမ၊ ၈၁ မမ ၊ ၁၂၀ မမ လက်နက်ကြီးများအပြင် စစ်တောင်းမြစ် အနောက်ဘက်ကမ်းမှ ပွိုင့်ဖိုက်များဖြင့်ပါ ပစ်ကူပေး တိုက်ခိုက်ခဲ့ကြောင်း၊ ထိုထိတွေ့တိုက်ပွဲသည် ၁ နာရီကျော်ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်တပ်နှင့် PNO ပူးပေါင်းတပ်ဖွဲ့ဘက်မှ ၂၀ ဦးသေဆုံးကာ တော်လှန်ရေးတပ်ဖွဲ့ဘက်မှ ရဲဘော် ၁ဦး မစိုးရိမ်ရ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေးတွေက ဆွာမြို့ ခလရ ၁၉ ကနေ လာတာ စစ်တောင်းမြစ်အရှေ့ဘက်ကမ်း ကျေးရွာတစ်ရွာက ကာကင်းကို လာရောက်တိုက်ခိုက်လို့ ထိတွေ့မှုဖြစ်တယ်။ လက်ရှိမှာ စစ်ခွေး စစ်ကြောင်းနဲ့ PNO အဖွဲ့ပူးပေါင်းအဖွဲ့က ဆွာမြို့ ခလရ ၁၉ တပ်ရင်းကိုပဲ ပြန်ဆုတ်သွားပါတယ်။ စစ်ခွေးတွေရဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတာ မရှိပါဘူး”ဟု တပ်ရင်း ၈၀၈ – နေပြည်တော် PDF မှ တာဝန်ရှိသူက ပြောဆိုသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်အနေဖြင့် ၎င်းတို့၏ စစ်အင်အားများ မလုံလောက်တော့သောကြောင့် PNO အင်အားများကိုပါ အသုံးပြု၍ ‎ဆောင်ရွက်လာသည်ကို တွေ့မြင်ရပြီး ‎ကျဆုံး PNO များ၏ ရုပ်အလောင်းများကိုလည်း ဓာတ်ပုံမှတ်တမ်းများယူ၍ စစ်တပ် လော်ဘီချန်နယ်များတွင် လိမ်လည် ဝါဒဖြန့်အောင်ပွဲခံနေသောကြောင့် ပြည်သူများအနေဖြင့် သတင်းများကို ချင့်ချိန်သုံးသပ်နိုင်ရန် တပ်ရင်း ၈၀၈ – နေပြည်တော် PDF အဖွဲ့မှ အသိပေး ပြောဆိုထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article