ဒီကနေ့ ဇန်နဝါရီ ၁၀ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-ပဲခူးတိုင်း၊ ရန်ကုန်-မန္တလေးလမ်းဟောင်းက တောကျွဲအင်းမြို့အပါအဝင် အကြမ်းဖက်စစ်တပ်ရဲ့ တပ်စခန်းနဲ့ ကင်းစခန်း ၁၄ ခုကိုတိုက်ခိုက်သိမ်းပိုက်မှု စစ်သားအယောက် ၅၀ ဦး သေဆုံးခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
– ချင်းပြည်နယ်၊ တီးတိန်မြို့ကို ချင်းတော်လှန်ရေးမဟာမိတ်တပ်တွေက ယခုနှစ်အတွင်း တိုက်ခိုက် သိမ်းပိုက်သွားမယ်လို့ ချင်းတော်လှန်ရေးတပ်ဖွဲ့ PDF Zolan မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
– အကြမ်းဖက်မင်းအောင်လှိုင်လက်အောက်ခံ စစ်တပ်ပိုင် Mytel နဲ့ဆက်စပ်နေတဲ့ လူမှုကွန်ရက် ဖေ့ဘုတ်စ် စာမျက်နှာ၊ Group နဲ့ အကောင့်ပေါင်း ၁,၀၀၀ ကျော်ကို Meta က ဖယ်ရှားလိုက်ပြီလို့ Justice For Myanmar က သတင်းထုတ်ပြန်ပါတယ်။
– အမေရိကန်သမ္မတထရန့်ဟာ ကြာသပတေးနေ့ည Fox News သတင်းဌာနနဲ့ အင်တာဗျူးရာမှာ မူးယစ်ဆေးဝါး မှောင်ခိုဂိုဏ်းတွေကို ကုန်းမြေပေါ်အထိ ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်ဆောင်တော့မယ်လို့ ပြောဆိုလိုက်တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။




