မကွေးတိုင်း၊ ဂန့်ဂေါမြို့အခြေစိုက်ခလရ ၅၀ တပ်ရင်းနှင့် စစ်အုပ်စုတပ်စွဲထားရာနေရာများကို ရှော့ တိုက်ခိုက်ဒုံးများဖြင့် တိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း ယောအလင်းတန်း မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
ယနေ့ ဇန်နဝါရီလ ၁၀ ရက် နံနက် ၆ နာရီခန့်အချိန် ဂန့်ဂေါမြို့ရှိ စစ်အုပ်စု၏ ခလရ ၅၀ တပ်ရင်းနှင့် စစ် အုပ်စုတပ်ဖွဲ့ဝင်များ တပ်စွဲထားရာနေရာများကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက ၁၀၇ မမ ရှော့တိုက် ဒုံး ၅ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ခလရ ၅၀ တပ်အတွင်း ၂ လုံး၊ မြို့ဝင် ဂိတ်တခုတွင် ၂ လုံး၊ ဝီ လပ် တံတား ဂိတ်တွင် ၁ လုံးနှင့် စည်ပင်ရုံးဝန်းတွင် ၁ လုံး အသီးသီးကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
“ပစ်မှတ်ကို သေချာထိတယ်။ ထိခိုက်သေဆုံးမှုက ရှိနိုင်တယ်။ နောက်ဆက်တွဲ အတိအကျ တော့ မသိရသေးဘူး။ မနက်ဖြန်ရွေး ကောက်ပွဲကျင်းပမယ့်နေ့ဆိုတော့ စခတွေဘက်ကလည်း လာပစ် မယ်ဆိုတာ ကြိုသိပြီး စခကြောက်နေကြတာ။ အခုပစ်တာက ဂန့်ဂေါခရိုင်တပ်ရင်းတွေက ပစ်တာ ပါ။” ဟု ယောအလင်းတန်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြော ကြားသည်။
ထိုသို့ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် စစ်အုပ်စုဘက်မှ ၁၂၀ မမ လက်နက်ကြီး များဖြင့် မြို့အနီးအနားပတ်ဝန်းကျင်နေရာများကို ရမ်းသမ်းပစ်ခတ်ခဲ့ရာ စိုင်ဒူးကျေးရွာအနီး ၂ လုံး ကျရောက်ပေါက်ကွဲမှုရှိခဲ့ပြီး ထိခိုက်ပျက်စီးမှု မရှိကြောင်း သိရသည်။
ဂန့်ဂေါမြို့မှာ မနက်ဖြန် ဇန်နဝါရီလ ၁၁ ရက်နေ့ ကျင်းပမည့် စစ်အုပ်စု၏ အတုအ ယောင်ရွေးကောက်ပွဲ အပိုင်း ၂ တွင် ပါဝင်သည့် မြို့တစ်မြို့ဖြစ်ပြီး ကြံ့ဖွတ်ပါတီက ပြိုင်ဘက်မရှိ အနိုင်ရရှိထားသည့် မြို့ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်သူများအနေဖြင့် စစ်အုပ်စု၏ လေကြာင်း၊ လက်နက်ကြီးရန်ကာကွယ်နိုင်ရန် စစ်ရေးအသိ၊ သတိဖြင့် နေထိုင်ကြရန်လိုအပ်ပါကြောင်း ယော အလင်းတန်းက တိုက်တွန်းထားသည်။
ဓာတ်ပုံ-ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးမှ ၁၀၇ မမ ရှော့တိုက်ဒုံး ပစ်ခတ်ရန်ပြင်ဆင်နေစဥ်




