ဒီကနေ့ ဇန်နဝါရီ ၁၀ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
မြန်မာနိုင်ငံမှာ အရေးအခင်းတွေ ၊ ပဋိပက္ခတွေ နဲ့ ဆူပူမှုတွေရဲ့ အကြောင်းအရင်းဟာ အသိပညာနှင့် အတတ်ပညာအားနည်းမှုကြောင့်ဖြစ်တယ်ဆိုပြီး အကြမ်းဖက် မင်းအောင်လှိုင် ကပြောဆိုလာ ပြန်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က လုပ်တဲ့ ရွေးကောက်ပွဲဟာ စစ်အာဏာရှင်စနစ် ခိုင်မာအောင် လုပ်ဆောင်တဲ့ ဟန်ပြန်သာဖြစ်တဲ့အတွက် နိုင်ငံတကာက ဒါကို ပယ်ချဖို့ လိုအပ်တယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အမ်ဒရူးက တိုက်တွန်းလိုက်ပါတယ်။
နိုင်ငံတာကာတရားရုံး (ICJ) အနေနဲ့ မြန်မာပြည်သူတွေရဲ့ အသံကို နားထောင်ပြီး တရားမဝင် စစ်အုပ်စုကို တရားရုံးမှာ ကိုယ်စားပြုခွင့်မပေးဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်း က စာပေးပို့တောင်းဆို လိုက်ပါတယ်။
အီရန်နိုင်ငံမှာ အာဏာရှင်အစိုးရကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ အရှိန်မြင့်ပြင်းထန်လာနေတဲ့အချိန် အမေရိကန်သမ္မတ ထရန့်က အီရန်ကို စစ်ရေးအရ အရေးယူမယ်လို့ ပြင်းပြင်းထန်ထန် ထပ်မံ သတိပေးတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။




