မကွေးတိုင်း၊ ပေါက်မြို့နယ် တောင်ပိုင်း ချက်ကန်ရွာအနီးတစ်၀ိုက်ကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း ပေါက်မြို့နယ်ကာကွယ်ရေးအဖွဲ့ မှ ကိုလရောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဇန်နဝါရီလ ၁၁ ရက်နေ့ မွန်းလွဲပိုင်းတွင် တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၂ စီးဖြင့် ပေါက်မြို့နယ် တောင်ပိုင်းရှိ ချက်ကန်ရွာအနီးတစ်၀ိုက်ကို လေကြောင်းတိုက်ခိုက်မှု ၄ ကြိမ် လုပ်ဆောင်ခဲ့ကြောင်း၊ အဆိုပါတိုက်ခိုက်မှုအတွင်း ပြည်သူထိခိုက်ဒဏ်ရာရရှိမှုနှင့် နေအိမ်များ ပျက်စီးမှုမရှိကြောင်း သိရှိရသည်။
“စစ်ခွေးတွေ တိုက်ပွဲဖြစ်ပွာခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့တာပါ။ ပြည်သူတွေထိခိုက်ဒဏ်ရာရတာမျိုး မရှိဘူး။ နေအိမ်များ ထိခိုက်ပျက်စီးတာမျိုးမရှိဘူး။ ပေါက်မြို့နယ် တောင်ပိုင်း ချက်ကန်ရွာ အနီးတစ်၀ိုက်ကို ကျဲသွားတာပါ။ စစ်ခွေးတွေက ၄ကြိမ်ကျဲသွားတယ်။ ဗုံး ၁လုံးနဲ့ စက် သေနတ်တွေလည်း ပစ်ခတ်သွားတယ်”ဟု ပေါက်မြို့နယ်ကာကွယ်ရေးအဖွဲ့ မှ ကိုလရောင်က ပြောဆိုသည်။
အလားတူ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့ ကလည်း ပေါက်မြို့နယ် ပုံတောင် ကျောက် တံခါးနားတစ်၀ိုက်ကိုလည်း အကြမ်းဖက် စစ်တပ် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ၅ကြိမ် တိုင်တိုင် လေယာဉ်ဖြင့် ဗုံးကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါလေကြောင်းတိုက်ခိုက်မှုအတွင်း ပြည်သူထိခိုက်ဒဏ်ရာရရှိမှုနှင့် နေအိမ်များ ပျက်စီးမှုမရှိကြောင်း သိရှိရသည်။
ထို့ပြင် ရှမ်းပြည်နယ်မြောက်ပိုင်း ၊ သီပေါမြို့နယ်အတွင်း စစ်တပ်က တနေကုန်နီးပါး လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) က ထုတ်ပြန်သည်။
ဇန်နဝါရီလ ၈ ရက်နေ့ ညပိုင်းက သီပေါမြို့နယ်၊ နမ့်စောင်ချောင်း တောတွင်းတစ်နေရာ၌ စစ်ကော် မရှင်တပ် စစ်ကြောင်းမှ နယ်မြေရှင်းလင်းရေးပြုလုပ်ခဲ့ရာ တရားမဝင်လုပ်ငန်းလုပ်ဆောင်နေ သည့် အမည်မသိလက်နက်ကိုင်အဖွဲ့တစ်စု (စိစစ်ဆဲ )နှင့် အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ ကြောင်း သိရှိရသည်။
ထို့နောက် ဇန်နဝါရီလ ၉ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်မှ ည ၈ နာရီ ၂၀ မိနစ်အထိ သီပေါမြို့နယ် အတွင်းရှိ နမ့်ကုံကျေးရွာအနီး၊ ဟိုင်းဆိုင်ကျေးရွာအနီး နှင့် နားပျန်ကျေးရွာအနီးတို့တွင် စစ်ကော်မ ရှင်တပ်မှ တိုက်လေယာဉ်များဖြင့် အကြိမ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ စစ်ကော်မရှင်တပ်၏ နယ်မြေရှင်းလင်းမှု၊ ပစ်ခတ်တိုက်ခိုက်မှုနှင့် တရားမဝင်လုပ်ငန်း လုပ် ဆောင်သော အဖွဲ့များနှင့် လုံးဝပတ်သက်မှုမရှိကြောင်းနှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ် မတော်အနေဖြင့် တရားမဝင်လုပ်ငန်းများ မရှိစေရေးအတွက်အကြိမ်ကြိမ် ထုတ်ပြန်ကာ တားမြစ် ထားသည့်အပြင် တရားမဝင်လုပ်ငန်းကိစ္စများနှင့် ပါဝင်ပတ် သက်သူများကို လည်း စိစစ်အရေး ယူ သွားမည်ဖြစ်ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) က ပြောဆိုထားသည်။
စစ်ကော်မရှင်တပ်အနေဖြင့် နယ်မြေရှင်းလင်းရေးစီမံချက်များ အမြန်ဆုံး အဆုံးသတ်စေရေး၊ ဒေသခံ မိဘပြည်သူလူထုများ ထိခိုက်မှုမရှိစေရေးအပါအဝင် ဒေသတည်ငြိမ်အေးချမ်းရေး၊ လက်ရှိငြိမ်းချမ်း ရေး မထိခိုက်စေရေး၊ မလိုလားအပ်သော အကျိုးသက်ရောက်မှုများ မဖြစ်ပေါ်လာစေရေးတို့အတွက် အထူးသတိထား ဆောင်ရွက်ရန်လိုအပ်ကြောင်း ထုတ်ပြန်ထားသည်။
ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်၏ ပစ်ခတ်မီးရှို့ဖျက်ဆီးမှုကြောင့် မီးလောင်ကျွမ်းနေသော ကျေးရွာတစ်ခု။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)




