31 C
Yangon

ကျောက်ကြီးနှင့်မူးမြို့နယ်တို့တွင် စစ်တပ်၏ အကြမ်းဖက် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံး ၊ ပခုက္ကူမြို့နယ်တွင်လည်း စစ်တပ် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၃

ပဲခူးတိုင်း၊ လယ်ဒို မြို့နယ် နှင့်မူးမြို့နယ်အတွင်း စစ်တပ်က လက်နက်ကြီး၊ ဒရုန်းများဖြင့် ပစ်ခတ်မှု ကြောင့် ပြည်သူ ၁ ဦးသေဆုံးခဲ့ပြီး ၃ ဦး ထိခိုက် ဒဏ်ရာရရှိကာ နေအိမ်(၁)လုံးထိမှန်ပျက်စီးခဲ့ရကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

ဇန်နဝါရီ ၁၁ ရက်နေ့ နံနက် ၁၂ နာရီ ၁၀ မိနစ် အချိန် ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းရှိ အာဏာသိမ်းအကြမ်းဖက်စစ်တပ်က ရွှေတဲစုကျေးရွာအတွင်းသို့ ၁၂၀မမ လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ရာ ကျေး ရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သာကြောင့် အသက် ၃၇ နှစ်အရွယ် စောဖားလားကို ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၁ လုံး ထိမှန်ပျက်စီခဲ့ကြောင်း သိရှိရသည်။

အလားတူ ယင်းနေ့ နံနက် ၁၁ နာရီ ၄၀ မိနစ်အချိန် နတ်သံကွင်းရှိ စစ်တပ်က ဖိုးတကျေးရွာအတွင်းသို့ ဒရုန်းဗုံး ၂ လုံး ပစ်ခတ်ခဲ့ရာ ဖိုးတကျေးရွာ နေ အသက် ၄၀ နှစ်အရွယ် မသန်းကြွယ် ထိမှန်သေဆုံးခဲ့ကြောင်း ၊ ဇန်နဝါရီလ ၁၀ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန် နတ်သံကွင်းရှိ အကြမ်းဖက်စစ်တပ်က ကင်မွန်းခြုံကျေးရွာတွင်းသို့ ဒရုန်းဖြင့် ဗုံး ၇ လုံး ပစ်ခတ်ခဲ့ရာ ကင်မွန်းခြုံကျေးရွာနေ ပြည်သူ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ထို့အတူ မကွေးတိုင်း၊ ပခုက္ကူမြို့နယ် မြစ်ခြေအိုင်ရှည်ရွာအနီးတစ်၀ိုက်ကို အကြမ်းဖက် စစ်တပ် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဇန်နဝါရီလ ၁၂ ရက်နေ့ မွန်းလွဲပိုင်း စစ်တိုက်လေယာဉ် ၁ စီးဖြင့် ပခုက္ကူမြို့နယ် မြစ်ခြေအိုင်ရှည်ရွာအနီးတစ်၀ိုက်သို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်း တိုက်ခိုက်မှု ၂ ကြိမ် လုပ်ဆောင်ခဲ့ကြောင်း၊ အဆိုပါတိုက်ခိုက်မှုအတွင်း ပြည်သူထိခိုက်ဒဏ်ရာရရှိမှု မရှိဘဲ နေအိမ်များလည်း ပျက်စီးမှုမရှိကြောင်း သိရှိရသည်။

“စစ်ခွေးတွေ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့တာပါ။ ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာမျိုးမရှိပါဘူး။ နေအိမ်ပျက်စီးတာမျိုးမရှိပါဘူး။ စစ်ခွေးတွေက ၁လုံးနဲ့ ရော့ကတ်တွေနဲ့လည်း ပစ်ခတ်သွားတယ်”ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။

အလားတူ ၂၀၂၅ခုနှစ် အောက်တိုဘာလ ၂၄ရက်နေ့ကလည်း ပခုက္ကူတပ်မ ၁၀၁ မှ တက်လာသော စက်တပ်လေထီး ၃ စီးဖြင့် ပခုက္ကူမြို့နယ် ထန်းတပင်ကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့မှု ၂ ကြိမ်တိုင် ပြုလုပ်ခဲ့ပြီး ပြည်သူ ၂ ဦး သေဆုံးသွားခဲ့ရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article