30 C
Yangon

ရေးမြို့နယ်၊ ကိုးမိုင်ကျေးရွာ အခြေစိုက် ခလရ ၂၉၉ တပ်ရင်းနှင့် စကခ ၁၉ မှ စစ်မှုထမ်း တပ်သားသစ် ၃ ဦး အလင်းဝင်

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၃

မွန်ပြည်နယ်၊ ရေးမြို့နယ် ကိုးမိုင်ကျေးရွာအခြေစိုက် ခလရ ၂၉၉ တပ်ရင်းနှင့် စကခ ၁၉ မှ စစ်မှုထမ်းတပ်သားသစ် ၃ ဦး အလင်းဝင်ရောက်ခဲ့ကြောင်း ရေးပြောက်ကျားတပ် YGF အမှတ် ( ၈၀၀၁) တပ်ရင်း တပ်ရင်းမှူးရဲဘော်ဗိုလ်ကျန်ရစ်က​ ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ရေးမြို့နယ် ကိုးမိုင်ကျေးရွာအခြေစိုက် ခလရ၂ ၉၉ တပ်ရင်းမှ စစ်မှုထမ်း တပ်သား ၂ ဦးနှင့် ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် စကခ ၁၉ မှ စစ်မှုထမ်း တပ်သားသစ် ၁ ဦးသည် သေနတ် ယူဆောင်လာခြင်းမရှိဘဲ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးတိုင်စစ်ဌာန၊နည်းဗျူဟာ(၃၃)၊ရေးပြောက်ကျားတပ် (YGF) အမှတ် (၈၀၀၁) တပ်ရင်းသို့ အလင်းဝင်ရောက်လာခဲ့ကြောင်း သိရှိရသည်။

ထိုသို့ အလင်းဝင်ရောက်လာသော စစ်မှုထမ်း တပ်သားသစ် ကျော်ဇင်ကို ၊ ဝင်းမိုးကျော်နှင့် သန့်ထွေးအောင်တို့သည် စစ်မှုထမ်း အပတ်စဉ် ၁၆ မှ ဖြစ်ပြီး သံဖြူဇရပ်မြို့နယ်၊ ဝဲကလိသင်တန်းကျောင်းတွင် တက်ရောက်ခဲ့ကာ အကြမ်းဖက် စစ်တပ်၏ အတင်းအဓမ္မ တပ်သားသစ် စုဆောင်းခြင်းခံရသူများ ဖြစ်ကြောင်း သိရသည်။

“သူတို့က ဗျူဟာ ၃၃ ကနေ တဆင့် ရေးပြောက်ကျားတပ် YGF အမှတ် ( ၈၀၀၁) တပ်ရင်းကို ချိတ်ဆက်ပြီး ဝင်လာတာပါ။ သူတို့ပစတွေကို လုံးဝ သေနတ် ပေးမကိုင်ပါဘူး။ ကင်းစောင့်တာတောင် ပေးမကိုင်ဘူးလို့ပြောတယ်။ ခလရ ၂၉၉ က နှစ်ယောက်၊ စကခ ၁၉ က တစ်ယောက် သူတို့ ၃ ဦးလုံးက စစ်မှုထမ်း အပတ်စဥ် ၁၆ ကပါ။ သံဖြူဇရပ်မြို့နယ် ဝဲကလိသင်တန်းကျောင်းကပါ။ အလင်းဝင်ရောက်လာသူ ၃ ဦးက မွန်ပြည်နယ်နဲ့ ပဲခူးတိုင်းကပါ ၁ ဦးကတော့ ထိုင်းကနေ ဖမ်းမိပြီး စစ်သင်တန်းကျောင်း ပို့ခံရတယ်။ ၂ ဦးကတော့ ရွာကနေပဲ အုပ်ကြီးတွေဖမ်းပြီး ပို့ပေးတာလို့ ပြောတယ်။ သူတို့တွေကို ဂုဏ်ပြုဆုငွေချီးမြှင့်ဖို့ရှိပါတယ်။ လက်ရှိမှာတော့ မချီးမြှင့်ရသေးဘူး” ဟု ရေးပြောက်ကျားတပ် YGF အမှတ် ( ၈၀၀၁) တပ်ရင်း တပ်ရင်းမှူးရဲဘော်ဗိုလ်ကျန်ရစ်က​ ​ပြောဆိုသည်။

အလင်းဝင်ရောက်လိုသူများကို ဆက်လက်၍ နွေးထွေးစွာကြိုဆိုသွားမည်ဖြစ်ပြီး အကြမ်းဖက် စစ်တပ်၏ အတင်းအဓမ္မ စစ်မှုထမ်းပေါ်တာဆွဲခံရမည့်အစား ပြည်သူ့ကာကွယ်ရေးတပ်မတော်ထဲကို ဝင်ရောက်ပြီး တော်လှန်ရေး အမြန်ပြီးဆုံးအောင် တွန်းလှန်ကြရန် အသိပေးပြောဆိုလိုကြောင်း ရေးပြောက်ကျားတပ် YGF အမှတ် ( ၈၀၀၁) တပ်ရင်း တပ်ရင်းမှူးရဲဘော်ဗိုလ်ကျန်ရစ်က​ ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article