မန္တလေးတိုင်း၊ မိုးကုတ်မြို့ အရှေ့ပိုင်း အထက်ရဲစခန်း ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး ရဲစခန်းဝင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း မိုးကုတ်အခြေစိုက် စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဇန်နဝါရီလ ၅ ရက်နေ့ နံနက်ပိုင်း မိုးကုတ်မြို့ အရှေ့ပိုင်း အထက်ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ ထို တိုက်ခိုက်မှုအတွင်း ရှော့တိုက်ဒုံး ၂ လုံးသည် ရဲစခန်းဝင်း အတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး မီးခိုးလုံးများ ထွက်လာကြောင်း သိရှိရသည်။
“မိုးကုတ်မြို့ အရှေ့ပိုင်း အထက်ရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့တွေက ရှော့တိုက်ဒုံး ၅ လုံးနဲ့ တိုက်ခိုက်ခဲ့တာပါ။ ရဲစခန်းဝင်းထဲက မီးခိုးလုံးတွေ တက်လာတာတော့ တွေ့ရတယ်။ ၅ လုံးပစ်တာဆိုပေးမယ့် ၂ လုံးပဲ ရဲစခန်းကို ထိမှန်တယ်လို့ သိရတယ်။ ရဲစခန်းဝင်း အတွင်းထိခိုက်မှု အခြေအနေ အသေးစိတ်တော့ မသိရသေးဘူး” ဟု မိုးကုတ်အခြေစိုက် စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
စစ်တပ်က TNLA ထံမှ ပြန်လည်ရယူထားသော မိုးကုတ်မြို့နယ် နှင့် မိုးမိတ်မြို့နယ်အ တွင်း သို့ ကျူးကျော်ဝင်ရောက်လာသော စစ်အုပ်စု၏ အုပ်ချုပ်မှု၊ ကွပ် ကဲ မှု၊ ထောက်ပံ့မှု ရပ်ဝန်းများကို အထူးစစ်ဆင် ရေးများ ဖော် ဆောင်၍ အဆက်မပြတ် ထိုးနှက် တိုက် ခိုက်လျက်ရှိကြောင်း NUG က ထုတ်ပြန်ထားသည်။
အလားတူ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများနှင့် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ထိခိုက်မှုရှိကြောင်း Sagaing District Drone Force သတင်းနှင့်ပြန်ကြားရေးမှ မာဝီက ပြောဆိုသည်။
ဇန်နဝါရီလ ၁၁ ရက်နေ့ နံနက် ၉ နာရီခန့်အချိန် မြင်းမူမြို့နယ်၊ အလ္လကပ္ပရွာရှိ ပြည်သူပိုင် နေအိမ်များတွင် တပ်စွဲထားသော အကြမ်းဖက် စစ်သားများနှင့် အလ္လကပ္ပရွာအရှေ့ဘက် ဒို့မြန်မာကျော်ဆီဆိုင်တွင် အထိုင်ချထားသော စစ်သားများကို တော်လှန်ရေး တပ်ဖွဲ့များ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ဇန်နဝါရီလ ၁၂ ရက်နေ့တွင်လည်း မြင်းမူမြို့နယ် လက်ပန်ရွာမှ ဂရုရွာဘက်သို့ ထွက်လာသော အင်အား ၅၀ အကြမ်းဖက် စစ်တပ် စစ်ကြောင်း နှင့် Jammer ကား ၁ စီးကို ဂရုရွာအနောက်ဘက် တာဝါတိုင်ကုန်း အနီးတွင် တော်လှန်ရေးတပ်ဖွဲ့များ ဒရုန်းဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ Gyrocopter ၊ အသေခံဒရုန်း များဖြင့် တိုက်ခိုက်ခဲ့သောကြောင့် တော်လှန်ရေး ရဲဘော်များ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်းသိရှိရသည်။
” စစ်ခွေး သေစာရင်းကတော့ ကျနော်တို့ စုံစမ်းနေပါတယ်။ ထိခိုက်သေဆုံးမှုရှိနိုင်တယ်။ ဒရုန်း mission လုပ်နေချိန်မှာ စစ်ခွေးတွေ ဘက်က လေကြောင်းတိုက်ခိုက်မှုပြန်လုပ်ခဲ့ပါတယ်။ အလ္လကပ္ပရွာ ပြည်သူနေအိမ်တွေမှာ တပ်စွဲထားသော စစ်ခွေးနဲ့ ဒို့မြန်မာကျော်ဆီဆိုင်မှာ တပ်စွဲထားတဲ့ စစ်ခွေး အင်အားက ၁၀၀ ကျော်တယ်။ ကျွန်တော်တို့ဘက်က ဒရုန်း၃ စီးနဲ့ တိုက်ခိုက်ခဲ့တာပါ” ဟု Sagaing District Drone Force သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ မာဝီက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို အမှတ် ၁၈၂၅ စစ်ကိုင်းခရိုင်ဒရုန်းတပ်ရင်း (SDDF)နှင့်အတူ အမုန်းဗျင်းတဲ့ Drone Teams တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




