30 C
Yangon

ကျောက်တံခါးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦးသေဆုံး၊ မြစ်ခြေမြို့ပေါ် ရပ်ကွက်ကိုလည်း စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးကျဲမှု နေအိမ်များ ပျက်စီး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၅

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၄ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်ခန့်တွင် ကျောက်တံခါားမြို့နယ် ၃၀၇ တပ်ရင်းမှ အကြမ်းဖက် စစ်တပ်က ၁၂၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ဘုရားကုန်းကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ထိုသို့ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခြင်းကြောင့် ဘုရားကုန်းရွာတွေ နေထိုင်သော အသက် ၇၈ နှစ်အရွယ် ဦးသောင်းမြင့်နှင့် ဇနီးဖြစ်သူ အသက် ၇၀ နှစ်အရွယ် ဒေါ်သန်းအေးတို့ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ ထို့ပြင် မြေးဖြစ်သူ အသက် ၁၆ နှစ်အရွယ် မောင်နေဆန်းလင်းလည်း ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“ကျောက်တံခါးမြို့နယ်၊ ၃၀၇ တပ်ရင်းက စစ်ခွေးတွေက ၁၂၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဘုရားကုန်းကျေးရွာထဲကို ကျရောက်ပေါက်ကွဲပြီး အသက် ၇၀ ကျော်အရွယ် ဇနီးမောင်နှံ ၂ ဦးလုံးပွဲချင်းပြီး သေဆုံးတယ်။ နောက်ပြီး မြေးဖြစ်သူလည်း ပြင်းထန်ဒဏ်ရာရတယ်လို့ သိရပါတယ်” ဟု ဒေသပြည်သူတစ်ဦး က ပြောဆိုသည်။

အလားတူ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ အိုင်ရှည် (အောင်ချမ်းသာ) ရပ်ကွက် ချောင်းကို အကြမ်းဖက် စစ်တပ်က စက်တပ်လေထီး ၂ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၄ ရက်နေ့ မွန်းလွဲ ၂ နာရီ ကျော်ခန့်တွင် ပခုက္ကူမြို့နယ် တပ်မ ၁၀၁ မှ တပ်လာသော အကြမ်းဖက် စစ်တပ်၏ စက်တပ်လေထီး ၂ စီးသည် မြစ်ခြေမြို့ အိုင်ရှည်(အောင်ချမ်းသာ)ရပ်ကွက်ချောင်းကို ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုမရှိသော်လည်း နေအိမ် ၂ လုံးပျက်စီးခဲ့ကြောင်း သိရသည်။

“စစ်ခွေးတွေ ဗုံးကျဲသွားတာကတော့ ပြည်သူတွေ ထိခိုက်မှုမရှိပါဘူး။ နေအိမ် ၂ လုံးကတော့ ပျက်စီးသွားတယ်။ စစ်ခွေးတွေ မြစ်ခြေမြို့ ပတ်ပတ်လည်းကို ဗုံးကျဲနေတာ ရက်ဆက်နေပြီ ပြည်သူတွေလည်း တိမ်းရှောင်နေရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ ဇန်နဝါရီလ ၁၃ ရက်နေ့နှင့် ၁၂ ရက်နေ့တို့တွင် မြစ်ခြေမြို့ အနီးရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဆက်တိုက်ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိကာ ၁ ဦးမှာ ဒဏ်ရာအခြေအနေစိုးရိမ်ရကြောင်း၊ ကျေးရွာအတွင်းရှိ‌ နေအိမ်များလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – စစ်ကိုင်းတိုင်း အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးနေစဉ် (ပုံအဟောင်းဖြစ်သည်)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

စစ်ကိုင်းတိုင်း အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးနေစဉ် (ပုံအဟောင်းဖြစ်သည်)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article