32 C
Yangon

မန္တလေးတွင် ရှေ့တန်းမှ ဒဏ်ရာရပြီး အိမ်ခဏပြန်လာသည့် ဗိုလ်ကြီးအောင်ဟိန်းသန့် ပစ်ခတ်ခံရပြီး သေဆုံးဖွယ်ရှိ

Must read

ရန်ကုန်၊ ဇူလိုင် ၉

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်တွင် ရှေ့တန်းမှ ဒဏ်ရာရပြီး အိမ်ခဏ ပြန် လာသည့် ဗိုလ်ကြီးအောင်ဟိန်းသန့် ယနေ့ နံနက်ပိုင်း သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးဖွယ်ရှိကြောင်း UG သတင်းရင်းမြစ်များထံမှ သိရှိရသည်။

ယနေ့ နံနက် ၇ နာရီ ၃၀ မိနစ်အချိန် ချမ်းမြသာစည်မြို့နယ်၊ မနော်ဟရီလမ်းမြောက်ဘက် ၊ ၅၄ လမ်းနှင့်၅၅ လမ်းကြားတွင် ဗိုလ်ကြီး အောင်ဟိန်းသန့် ကို သေနတ်ဖြင့် ၅ ချက် ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ၊ သေဆုံးဖွယ်ရှိကြောင်း သိရှိရသည်။

“မနက် ၇ နာရီ ၃၀ လောက်ဖြစ်တာ။ အကြမ်းဖက် စစ်ကောင်စီ သုံးပွင့် ဗိုလ်ကြီးအောင်ဟိန်းသန့် ရှေ့တန်းမှာ ဒဏ်ရာ ရလာပြီး မန္တလေးမြို့ပေါ်ရှိနေ အိမ်မှာ ခဏ လာနေတုန်း သေနတ်နဲ့ပစ်ခံရတာပါ။ သေသွားပြီထင်တယ်” ဟု UG သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံ ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article