24 C
Yangon

တောင်တွင်းကြီးမြို့နယ်တွင် တော်လှန်ရေး တပ်ဖွဲ့များ၏ သတင်းကို လိုက်လံစုံစမ်းနေပြီး စစ်တပ်အတွက် အလုပ်လုပ်ပေးနေသော စိုးလှိုင် ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၈

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်တွင် တော်လှန်ရေး တပ်ဖွဲ့များ၏ သတင်းကို လိုက် လံစုံစမ်းနေသော စစ်တပ် ဒေါက်တိုင် စိုးလှိုင်ကို ပစ်ခတ်တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း မကွေးတောင်တွင်းကြီးအထူးပြောက်ကျားတပ်ဖွဲ့မှ တာဝန်ခံ ကိုချောင်ဖုန်းက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ဇန်နဝါရီ ၁၇ ရက်နေ့ နံနက်ပိုင်း တောင်တွင်းကြီးမြို့နယ်၊ သစ်ခုတ်ကွင်းရွာတွင် နေထိုင်သော စစ်တပ် ဒေါက်တိုင် စိုးလှိုင်သည် တော်လှန်ရေး တပ်ဖွဲ့များ၏ သတင်းကို လိုက်လံ စုံစမ်းနေစဉ် ရွာချင်းဆက် လမ်းပိုင်းတနေရာ၌ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သော စိုးလှိုင်ကို တော်လှန်ရေးတပ်ဖွဲ့များက စစ်တပ်ထံ သတင်းပေးခြင်း မပြုလုပ်ရန် သွားရောက်တွေ့ဆုံ၍ အကြိမ်ကြိမ် သတိပေးပြောဆိုခဲ့သော်လည်း လိုက်နာခြင်းမရှိကြောင်း၊ ကျေးရွာနေ ပြည်သူများကိုလည်း စစ်တပ် ခေါ်၍ ဖမ်းဆီးခိုင်းမည်ဟု ခြိမ်းခြောက်ခြင်းများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

“စိုးလှိုင်က တော်လှန်ရေးအဖွဲ့အစည်းတွေရှိရာ နယ်မြေကို စစ်ခွေးတွေကို သတင်းပေးတယ်။ ပြည်သူတွေကိုလည်း ခြိမ်းခြောက်တယ်။ စစ်ခွေး၊ ရဲတွေကို သတင်းပေးတိုင်ကြားတာ တော်လှန်ရေးအဖွဲ့စည်းများကို ထောက်ပံ့သလိုနဲ့ သတင်းပေး လုပ်နေတဲ့ စစ်တပ် ဒေါက်တိုင်တွေကိုလည်း ကျနော်တို့ ဆက်လက် တိုက်ခိုက်သွားမယ်” ဟု မကွေးတောင်တွင်းကြီးအထူးပြောက်ကျားတပ်ဖွဲ့တာဝန်ခံ ကိုချောင်ဖုန်းက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မကွေးတောင်တွင်းကြီးအထူးပြောက်ကျားတပ်ဖွဲ့နှင့် နဂါးမင်းတပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ စစ်တပ်သတင်းပေး ဒလန်များ၊ ပျူစောထီးများ အနေဖြင့် အကြမ်းဖက် စစ်တပ်ထံသို့ သတင်းပေးတိုင်ကြားခြင်း၊ စစ်တပ်အားကိုးဖြင့် ပြည်သူများအပေါ် ငွေကြေးများ အတင်းအဓမ္မကောက်ခံခြင်းနှင့် စစ်တပ်မှပြုလုပ်သော အတုအယောင်ရွေးကောက်ပွဲတွင် ပါဝင်ပတ်သတ်မည်ဆိုပါက အချိန်မရွေးပစ်ခတ် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ကိုချောင်ဖုန်းက ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article