30 C
Yangon

မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေး ဖွဲ့စည်းပုံ အခြေခံ ဥပဒေရေးဆွဲမှု ၈၀ ရာခိုင်နှုန်းအထိ ရောက်ရှိပြီးစီးနေပြီဟု ကြေညာ​

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၈

အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံ အခြေခံ ဥပဒေရေးဆွဲမှု ၈၀ ရာခိုင်နှုန်းအထိ ရောက်ရှိပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေး ဖယ်ဒရယ်ကောင်စီ- NUCC က ကြေညာ​သည်။

ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်အစိတ်အပိုင်း ၁ အခန်း ၃ အရ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံ ကောင်စီ (NUCC) တွင် သဘောတူကတိကဝတ်ပြုထားကြသော အကောင် အထည်ဖော်ရမည့် လုပ် ငန်းစဉ် (သို့မဟုတ်) နိုင်ငံရေးလမ်းပြမြေပုံ အဆင့် ၇ အထိပြီးမြောက်အောင်မြင်ထားပြီဖြစ်ပြီး အသွင် ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံ အခြေခံ ဥပဒေရေးဆွဲမှု ၈၀ ရာခိုင်နှုန်းအထိ ရောက်ရှိနေပြီဖြစ် ကြောင်း NUCC အဖွဲ့ဝင် ဦးနောင်ချိုက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ဖက်ဒရယ်ဒီမိုကရေစီပြည်တောင်စုတည်ဆောက်နိုင်ရေးအတွက် အဆင့်ဆင့်သော လုပ် ငန်းစဉ်များ ချမှတ်အကောင်အထည်ဖော်ခဲ့ရာ ယခုအခါ နိုင်ငံရေးလမ်းပြမြေပုံအရ အဆင့် အဆင့် ၈ လုပ်ငန်းစဉ် ဖြစ်သည့် ဖက်ဒရယ်အသွင်ကူးပြောင်းရေးအစီအမံများဆိုင်ရာ အခြေခံ ဥပဒေရေးဆွဲခြင်း အဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး ၎င်းအဆင့်တွင်လည်း ရာခိုင် နှုန်းအားဖြင့် ၈၀ ရာခိုင်နှုန်းပြီးမြောက်ထားကာ ကျန်ရှိနေသည်များကို ဆက်လက်ဆောင် ရွက်နေကြောင်း သိရှိရသည်။

“လက်ရှိအထိကတော့ ဖက်ဒရယ်အသွင်ကူးပြောင်းရေးအစီအမံများ ဆိုင်ရာ ဥပဒေ AFTA ကို ရေးဆွဲ နေတာတော့ ထုတ်ပြန်ချက်ထဲမှာ ပါတဲ့အတိုင်းပဲ ၈၀ ရာခိုင်နှုန်းအထိတော့ ပြီးသွားပြီ။ ရေးဆွဲတာက တော့ ပြီးဖို့တော်တော်နီးစပ်နေပြီ။ သို့သော်လည်း ဒီဟာကို တိုင်းပြုပြည်ပြုညီလာခံမှာ ဘယ်အချိန် မှာ အခိုင်အမာအတည်ပြုမယ်ဆိုတာကတော့ ကျနော်တို့ ညှိနှိုင်းရေး Process တွေ ပြီးတဲ့အချိန်လို့ ပြောရမှာပေါ့။ အဲဒီဟာကလည်း တော် လှန်ရေးရဲ့ အတက်အကျရှိတဲ့အပေါ်မှာလည်း အများကြီးမူ တည်တာပေါ့။ အဲဒီအတွက်ကြောင့်မို့လို့ အချိန်ကိုတော့ ကျနော်တို့ ခန့်မှန်းပြောဆိုရတာ ခက်ပါ တယ်။ ဆက်ပြီးတော့ ရေးဆွဲဖို့နဲ့ နိုင်ငံရေးလမ်းပြမြေပုံအတိုင်း ဆက်သွားဖို့တော့ရှိပါတယ်။ ပြီးလို့ ရှိရင် အသွင်ကူးပြောင်းရေးကာလအစိုးရဖွဲ့မယ်။ တိုင်းပြုပြည်ပြုလွှတ်တော်ခေါ်မယ်။ အဲလိုမျိုး လမ်းပြမြေပုံအတိုင်း တဆင့် ချင်းပဲ ဆက်သွားမှာပါ။ ” NUCC ကောင်စီဝင် ဦးနောင်ချိုက ရှင်းလင်းပြောဆိုသည်။

စစ်အာဏာသိမ်းချိန်မှစ၍ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက် လုပ်ငန်း စဉ် အဆင့် ဆင့်ချမှတ်လုပ်ဆောင်ခဲ့ရာ ၎င်းတို့မှာ –

၁။ စစ်အာဏာသိမ်းမှု အဆုံးသတ်နိုင်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူ ထောင်ရေးအ တွက် စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှ ပြုတ်ကျသည်အထိ ဝန်ထမ်းများ၏ CDM လှုပ်ရှားမှုများ အပါအဝင် လူထုအထွေထွေသပိတ်လှုပ်ရှားမှုများကို အဆက်မပြတ် ဆက်လက် လှုပ် ရှားဆောင်ရွက်နိုင်ရေး စည်းရုံးလှုံ့ဆော်ခြင်း၊ အားပေးခြင်းနှင့် ပံ့ပိုးကူညီခြင်း။

၂။ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များဖြင့် လွှတ်တော်ကိုယ်စားပြုကော်မတီများ ဖွဲ့စည်း ၍ ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်ခြင်း။

၃။ နိုင်ငံရေးဆိုင်ရာသဘောတူညီချက်များ ဆွေးနွေးအတည်ပြုနိုင်ရေး နှင့် ရှေ့လုပ်ငန်း စဉ်များ အ ကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မိတ်ဖက် နိုင်ငံရေး ပါတီများ၊ တိုင်းရင်းသားတော် လှန်ရေး အဖွဲ့အစည်းများနှင့် သမဂ္ဂများ၊ အမျိုးသမီးများ၊ လူငယ်နှင့်လူနည်းစုဆိုင်ရာ အဖွဲ့အစည်း များ အပါအဝင် အရပ်ဖက် လူထုအဖွဲ့အစည်းများ လက်တွဲ ဆောင်ရွက်နိုင်သည့် အခင်းအကျင်း ဖော်ဆောင်ခြင်း။

၄။ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ကို ရေးဆွဲအတည်ပြုခြင်း။

၅။ ဤပဋိညာဉ်နှင့်အညီ ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရ (Interim National Unity Government) ဖွဲ့စည်းခြင်း၊ ဥပဒေပြုရေးနှင့် တရားရေးမဏ္ဍိုင်ဆိုင်ရာ အဖွဲ့အစည်းများကို ဖွဲ့စည်းခြင်း။

၆။ အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု နိုင်ငံတည် ဆောက်ရေးအတွက် ဘုံပန်းတိုင်တူ အင်အားစုအားလုံးပါဝင်သော ပြည်သူ့ ညီလာခံတစ်ရပ်ခေါ်ယူ ကျင်းပခြင်း။

၇။ အာဏာရှင်စနစ် ပပျောက်ရေး၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် မဟာဗျူဟာ ချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း။

၈။ အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲခြင်း။

၉။ အသွင်ကူးပြောင်းရေးကာလ အစိုးရဖွဲ့စည်းခြင်း။

၁၀။ တိုင်းပြုပြည်ပြုညီလာခံ (Constitutional Assembly) ခေါ်ယူကျင်းပပြီး ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲအတည်ပြုခြင်း။

၁၁။ တိုင်းပြုပြည်ပြုညီလာခံက ရေးဆွဲအတည်ပြုထားသည့် ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လူထုဆန္ဒခံယူပွဲ ကျင်းပပြီး အတည်ပြုပြဋ္ဌာန်းခြင်းနှင့် ရွေး ကောက်ပွဲကျင်းပခြင်း။

၁၂။ အတည်ပြုပြဋ္ဌာန်းလိုက်သည့် ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး နှင့် တရားစီရင်ရေးမဏ္ဍိုင်များကို ဖွဲ့စည်းပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေစနစ် (Constitutionalism) အရ လိုက်နာကျင့်သုံးခြင်း တို့ဖြစ်ကြောင်း သိရသည်။

“ဒါကတော့ နိုင်ငံရေး Process တွေဖြစ်တာပေါ့၊ ဒီ Process တွေကိုတော့ ပါဝင်သင့်ပါဝင်ထိုက်တဲ့ အ စု အဖွဲ့တွေ ပါဝင်အောင်ကြိုးစားတာရယ်၊ တဖက်က လမ်းပြမြေပုံအတိုင်း ဆက်ပြီးတော့ ရေးဆွဲရေး ကို ပြီးဆုံးဆောင် ဆက်လုပ်တာရယ်။ နောက် အသွင်ကူးပြောင်းရေးကာလ အစိုးရဖွဲ့စည်းနိုင်ရေးကို‌ ဆောင်ရွက်ရမှာပေါ့။ ဒါပေမယ့်အခုကာလက အသွင်ကူးပြောင်းရေးကာလလို့ ပြောရင်တော့ ကျနော် တို့က တစ်နိုင်ငံလုံးက အသွင်ကူးပြောင်းရေး ကာလကို မရောက်နေသလို တစ်နိုင်ငံလုံးလည်း ကြား ကာလ၊ တော်လှန်ရေး ကာလဆိုတဲ့ အခြေအ နေလည်း မဟုတ်နေဘူးပေါ့။ တစ်ချို့လွတ်မြောက်ပြီး တော့ အစိုးရတွေဖွဲ့စည်းနိုင်တဲ့ ပြည်နယ်တွေ၊ ဖက်ဒရယ်ယူနစ်တွေလည်း ပေါ်နေပြီ။ ဖက်ဒရယ်ယူ နစ်တွေဆိုရင် လွတ်မြောက်တယ်ဆိုတာထက်စာရင် အစိုးရအဖွဲ့တွေ ဖွဲ့စည်းပြီးတော့ ကြားကာလ အတွက် လည်ပတ်နေတာတွေရှိတယ်။ တစ်ချို့ဒေသတွေ၊ တစ်ချို့ ပြည်နယ်တွေကတော့ အသွင်ကူး ပြောင်းရေးကာလ စနေပြီဆိုတဲ့ အခြေအနေရှိတာပေါ့။ အဲလို ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့ အသွင်ကူးပြောင်း ရေးကာလ အစီအမံ AFTA ကို အသုံးပြုလို့ရတဲ့ ပြည်နယ်ဒေသတွေကတော့ အသုံး ပြုသွားမယ့် သဘောရှိတာပါတယ်။ ဒါပေမယ့် ကျနော်တို့ရဲ့ ရည်မှန်းချက်ကတော့ ဒီ လမ်းပြမြေပုံ အရဆိုရင် စစ်အာဏာရှင် စနစ်အပြီးတိုင် ချုပ်ငြိမ်းပြီးမှပဲ တစ်နိုင်ငံလုံးက အသွင်ကူးပြောင်းရေးကာ လကို ရောက်မယ်ဆိုတဲ့ ဟာမျိုးဖြစ်တာပေါ့။ အဲဒီအတွက်ကြောင့် ဒီအသွင်ကူးပြောင်းရေး ကာလကို အဓိပ္ပါယ် ဘယ်လိုဖွင့်ကြမလဲဆိုတဲ့ ဟာမှာလည်း ဆွေးနွေးညှိနှိုင်းနေတာတွေရှိတယ်။” ဟု NUCC ကောင်စီဝင် ဦးနောင်ချိုက ရှင်းပြသည်။

အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုအတွက် ဖွဲ့စည်းပုံပဋိညာဉ်သည် တရားဝင် စည်းနှောင်ချုပ်ဆိုထားခြင်းဖြစ်ပြီး ထိုမျှမက ကိုယ် ကျင့်တရားကို အခြေ ခံ၍ ဆောင်ရွက်ခြင်းဖြစ် သည်ဟုလည်း မှတ်ယူကြောင်း၊ ထိုတာဝန်ရှိမှုများနှင့် ပတ်သက်၍ သဘော တူ အတည်ပြုသည့် အဖွဲ့တိုင်းသည် အခြား ကတိကဝတ်ပြု၍ သဘောတူအတည်ပြုသည့် အဖွဲ့အ စည်းတစ်ခုချင်းအပေါ်တွင် လည်းကောင်း၊ အဖွဲ့အစည်း အသီးသီး၏ အဖွဲ့ဝင်များအပေါ်တွင်လည်း ကောင်း၊ ပြည်ထောင်စုမြန်မာနိုင်ငံပြည်သူများ အပေါ်တွင်လည်းကောင်း၊ အနာဂတ်မျိုးဆက်သစ် များ အပေါ်တွင် လည်းကောင်း တာဝန်ခံသည်ဟု ဖက်ဒရယ်ဒီမိုကရေစီ အစိတ်အပိုင်း ၁ အခန်း ၅ အရ ယုံကြည်ကြောင်း NUCC က ကြေညာထားသည်။

အဆိုပါ အကောင်အထည်ဖော်ရမည့် လုပ်ငန်းစဉ် (သို့မဟုတ်) နိုင်ငံရေးလမ်းပြမြေပုံကို သဘောတူ ကတိကဝတ်ပြထားသည့် အဖွဲ့အစည်းများမှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စား ပြုကော်မတီ (CRPH) ၊ ၁၉၉၀ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ (MPU) ၊ ကရင်အမျိုးသား အစည်းအရုံး (KNU) ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်း သားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) ၊ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) ၊ မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ၊ ပအိုဝ်းအမျိုး သားဖက်ဒရယ်ကောင်စီ (PNFC) ၊ တအာင်းနိုင်ငံရေး အတိုင်ပင်ခံကော်မတီ (TPCC/TLC) တို့ဖြစ် ကြောင်း သိရသည်။

ထို့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS)၊ ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း (88 generation) ၊ အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့ အင်အားများ ချိတ် ဆက်ညှိနှိုင်းရေးကော်မတီ -မန္တ လေး (AFCC) ၊ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေ သပိတ်ကော်မတီ (GSC) ၊ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) ၊ အခြေခံနှင့် အဆင့်မြင့်ပညာ အထွေထွေသပိတ်ကော်မတီ (GSC BHE) ၊ အထွေထွေသပိတ် ပူးပေါင်း ဆောင်ရွက်ရေးကော်မတီ (GSCC)၊ လူမျိုးပေါင်းစုံမျိုးဆက်များသွေးစည်းညီညွတ်သော မဟာမိတ် အင်အားစု (GSCN) ၊ မြန် မာ နိုင်ငံ အလုပ်သမားတပ်ပေါင်းစု (MLA) ၊ မုံရွာလူထုသပိတ် တိုက်ပွဲဦး ဆောင်ကော်မတီ (MPSSC) ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ် (MTF) ၊ လူမှု သဟဇာတ ဖော်ဆောင်ရေးအဖွဲ့ (Synergy) ၊ နည်းပညာဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ် (TTF) ၊ အမျိုးသမီးမဟာမိတ်အဖွဲ့- မြန်မာ (WAC-M) ၊ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) (WLB) ၊ အမျိုး သမီးငြိမ်းချမ်းရေးကွန်ယက် (WPN) တို့လည်းပါဝင်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article