23 C
Yangon

နွားထိုးကြီးမြို့နယ်၊ ကနား ရဲစခန်းမှ ဒုတပ်ကြပ် မျိုးမင်းအောင်ကို လက် နက်ခဲယမ်းများနှင့်အတူ အရှင်ဖမ်းမိ

Must read

ရန်ကုန်၊ ဇန်နဝါရီလ ၁၉

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ် ကနားရဲစခန်းမှ ဒုတပ်ကြပ် မျိုမင်းအောင် ကို တော်လှန်ရေး တပ်ဖွဲ့များက လက်နက်ခဲယမ်းများနှင့်အတူ အရှင်ဖမ်းဆီးမိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ – စဉ့်ကိုင်မြို့နယ် မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဒီဇင်ဘာလ ၂၄ ရက်နေ့ နွားထိုးကြီးမြို့နယ် ကနားရဲစခန်းမှ ဒုတပ်ကြပ် မျိုးမင်းအောင်ကို တော်လှန်ရေး တပ်ဖွဲများက ခဲယမ်းများနှင့် အတူ အရှင်ဖမ်းဆီးရမိခဲ့ကြောင်း၊ ဒုတပ်ကြပ် မျိုးမင်းအောင်ထံမှ ကျည်ဘောက်နှင့် ကျည်တချိုတို့ကို သိမ်းဆည်းရမိခဲ့ကြောင်းသိရှိရသည်။

“ကနားရဲ စခန်းမှ ဒုတပ်ကြပ် မျိုးမင်းအောင်ကို သတင်းအရ စောင့်ဖမ်းတာပါ။ သူ တစ်ဦးတည်းကို ဖမ်းဆီးရမိခဲ့တာပါ”ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့ – စဉ့်ကိုင်မြို့နယ် မှ တာဝန်ရှိသူက ပြောဆိုသည်။

ထိုဖမ်းဆီးရမိသည့် ကနားရဲစခန်းက ဒုတပ်ကြပ် မျိုးမင်းအောင်သည် စမ်းချောင်းမြို့နယ် မိုးမခလမ်းတွင်နေထိုင်သူဖြစ်ပြီး လက်ရှိကနားနယ်မြေရဲစခန်းတွင် ၃နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article