25 C
Yangon

Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၂၀ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇန်နဝါရီ ၂၀ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

-မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်မှာ မင်းအောင်လှိုင်ရဲ့သားဖြစ်သူ အကောင်အထည်ဖော်နေတဲ့ ရတနာပုံမြို့သစ်စီမံကိန်း ခေါ် New Mandalay Resort City စီမံကိန်းမှာ ဗိုလ်ချုပ်တွေကို ဂရန်ထွက်ပြီးမြေကွက်သစ်တွေကို မင်းအောင်လှိုင်က ချထားပေးနေတယ်လို့ ပြင်ဦးလွင်အခြေစိုက် သတင်းရင်းမြစ်တွေက ပြောပါတယ်။

မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ မဲရုံလုံခြုံရေးပေးဖို့လာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်း မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။

ပဲခူးတိုင်း ရန်ကုန်-မန္တလေးလမ်းဟောင်း၊ အုတ်တွင်းနဲ့ ဇေယျာ၀တီအကြားမှာ တိုက်ပွဲဖြစ်ပြီး ဆီဘောက်ဆာကားအပါအဝင် ယာဉ်တချို့ မီးလောင်ကာ အချိန်ပိုင်း ယာယီလမ်းပိတ်လိုက်ရတယ်လို့ ဒေသပြည်သူတွေက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။

ဂျပန်ဝန်ကြီးချုပ် Takaichi ဟာ အောက်တိုဘာလကမှ ရာထူးရခဲ့တာဖြစ်ပြီး လက်ရှိမှာ သူမအပေါ် လူထုထောက်ခံမှုမြင့်တက်နေတာကို အခွင့်ကောင်းယူပြီး အခုလို ရွေးကောက်ပွဲကို အမြန်ခေါ်ယူ လိုက်တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article