24 C
Yangon

ငါန်းဇွန်မြို့နယ်၊ မြို့သာရဲစခန်းသို့ အင်အားဖြည့်ရန် ထွက်လာသော စစ် ကြောင်းကို မိုင်းဆွဲမှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားဟုဆို

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၀

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မြို့သာ ရဲစခန်းသို့ အင်အားဖြည့်တင်းရန် ထွက်လာသော အကြမ်းစစ်တပ် စစ်ကားကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၁၅ ဦး သေဆုံးခဲ့ကြောင်း Special TASK FORCE Ngazun အဖွဲ့မှ ခေါင်းဆောင် ကိုငြိမ်းချမ်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၉ ရက်နေ့ မြို့သာစက်မူဇုန်တွင် အထိုင်ချ တပ်စွဲထားသော စခန်းမှ မြို့သာမြို့ ရဲစခန်းသို့ အင်အားဖြည့်ရန်ထွက်လာသော အင်အား ၁၅၀ခန့်ပါရှိသော အကြမ်းဖက် စစ်တပ် စစ်ကား ၅စီးကို SPECIAL TASK FORCE ငါန်းဇွန်ပျောက်ကျားတပ်ဖွဲ့က စက်မှုဇုန်မြို့သာလမ်းမကြီးပေါ် နှစ်နေရာတွင် ပဒေသာမိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၁၅ ဦးသေဆုံးကာထိခိုက်ဒဏ်ရာရရှိသူများပြားခဲ့ကြောင်းသိရှိရသည်။

” စစ်ခွေး သေစာရင်းကတော့ ခန့်မှန်းခြေ ၁၅ ဦး သေဆုံးတယ်။ စစ်ခွေးဘက်က ထိခိုက်ဒဏ်ရာရတဲ့သူ များပြားတယ်။ စက်မှုဇုန်မှာ အထိုင်ချတပ်စွဲထားတဲ့ ခွေးတွေက မြို့သာရဲစခန်းဆီကို အင်အားဖြည့်ဖို့သွားတဲ့ စစ်ခွေး ကား ၅ စီးကို မိုင်းဆွဲတိုက်ခိုက်ပါ။ စက်မှုဇုန်မြို့သာလမ်းမကြီးပေါ် နှစ်နေရာမှာ ပဒေသာမိုင်းနဲ့ ၁၂ ဘီးကား၂စီး၊ လိုက်ထရပ်ကား ၂ စီး ကင်နာ ၁ စီးတို့ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။ ထိခိုက်ဒဏ်ရာရတဲ့သူတွေကို ခွေးတွေကို လိုက်ထရပ်ပေါ်မိုးကာအုပ်တင်သွားတယ်”ဟု Special TASK FORCE Ngazun အဖွဲ့၏ ခေါင်းဆောင် ကိုငြိမ်းချမ်းက ပြောဆိုသည်။

လတ်တလော ငါန်းဇွန်မြို့နယ်၊ မြို့သာမြို့အတွင်း စစ်တပ်နှင့် တော်လှန်ရေးတပ်များအ ကြား စစ် ရေး တင်းမာနေပြီး စစ်တပ်ကလည်း အင်အားဖြည့်တင်းမှုများကို တောက်လျှောက်ဆိုသလိုလုပ်ဆောင်နေကြောင်း စုံစမ်းသိရှိရသည်။

ဓာတ်ပုံ- စစ်တပ်စစ်ကြောင်းတစ်ခုကို တော်လှန်ရေးတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့စဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article