ဒီကနေ့ ဇန်နဝါရီ ၂၀ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-အကြမ်းဖက် စစ်တပ်လက်အောက်ခံ BGF အဖြစ်ကနေ KNA တပ် အသွင်းပြောင်းထားတဲ့ အရင် BGF ခေါင်းဆောင် စောချစ်သူနဲ့ သူ့ရဲ့သားတွေ ထိန်းချုပ်ထားရာ ရွှေကုက္ကိုလ်ရွာထဲက ကျားဖြန့်လုပ်ငန်းတွေ ပြန် လည်စတင်နေပြီး အဲ့ဒီ့မှာရှိတဲ့ တရုတ်နိုင်ငံသားတွေ အပါအဝင် ကျားဖြန့်အလုပ် သမားတွေကို ခွင့်ပြုချက်မရှိပဲ အဝင်အထွက်လုပ်ခွင့်မပေးဘူးလို့ ကရင် စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။
တနင်္သာရီတိုင်း၊ မြိတ်မြို့က အကြမ်းဖက် စစ်တပ်ရဲ့ အမှတ် ၇၆ ယာဉ်ထိန်းတပ်ဖွဲ့စုမှူး ရဲအုပ် အောင်အောင် ဆိုသူကို ကာမလိမ်လည် ရယူမှု၊ ကား၊ ဆိုင်ကယ်တွေကို မတရားဖမ်းဆီးငွေညှစ်မှုတွေနဲ့ တိုင်ကြားထားပေမယ့် အထက်အရာရှိတွေက လာဘ်ငွေယူပြီး ကာကွယ်ပေးနေတယ်လို့ ဒေသခံပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
မကွေးတိုင်း၊ ချောက်မြို့နယ်မှာ ကင်းလှည့်ဖို့ထွက်လာတဲ့ အကြမ်းဖက် စစ်တပ်ရဲ့ စစ်ကား ၁ စီးကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ခြေမှုန်းမှုအတွင်း စစ်တပ်ဘက်က ဗိုလ် ၁ ဦး အပါအဝင် ၁၀ ဦးကတော့ အသီးသီး သေကုန်ကြတဲ့အပြင် စစ်ကားပါ ပျက်ဆီးသွားပြီး လက်နက်ကောက်ဖို့ကြိုးစား ပေမယ့် အခွင့်မသာခဲ့ဘူးလို့ မကွေးခရိုင် PDF အမှတ် ၁ တပ်ရင်းရဲ့ တာဝန်ရှိသူ တစ်ဦးက ရန်ကုန် ခေတ်သစ်ကို ပြောပါတယ်။
-အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဂရင်းလန်းကျွန်းကို ထိန်းချုပ်ဖို့ ခြိမ်းခြောက်မှုတွေ ဆက်ပြီး ပြုလုပ်နေတာကြောင့် ဒိန်းမတ်နိုင်ငံက အဲ့ဒီ့ အာတိတ်ဒေသဆီကို စစ်ကူတွေ ထပ်မံစေလွှတ်တယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြနေကြတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။




