32.8 C
Yangon

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ရာဘာခြစ်နေသည့် အမျိုးသမီး ၁ ဦးကို စစ်တပ်က ပစ်သတ်၊ ကျိုက်ထိုမြို့နယ် ခရွဲရွာ ဘုန်ကြီးကျောင်းကိုလည်း စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၁

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ရာဘာခြစ်နေသည့် အမျိုးသမီး ၁ ဦးကို အကြမ်းဖက် စစ်တပ်က ပစ်သတ်ခဲ့ကြောင်း Phoenix – Special Warfare Force တပ်ဖွဲ့ကထုတ်ပြန်ထားသည်။

ဇန်နဝါရီလ ၂၀ ရက်နေ့ ည ၆ နာရီ ၄၂ မိနစ်ခန့်တွင် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဝါးဘိုးကုန်းကျေးရွာ၊ အေးချမ်းသာယာရပ်ကွက်တွင် နေထိုင်သော အသက် ၄၁ နှစ်အရွယ် မခင်ဝိုင်းသည် ရာဘာခြံအတွင်း ရာဘာခြစ်နေစဉ် ခလရ–၂၈၄ တပ်မှ စစ်သားများ ရောက်ရှိလာပြီး အကြောင်းမဲ့ ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ အပြစ်မဲ့ ပြည်သူတစ်ဦးကို အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်ခြင်းသည် အကြမ်းဖက်စစ် အာဏာရှင်တပ်သားများ၏ ရက်စက်ယုတ်မာမှုကို ပြသနေပြီး သတ်ဖြတ်မှုများ ကျူးလွန်နေသော အကြမ်းဖက် စစ်တပ်ကို တရားဝင် လူသတ်ခွင့်မပေးရန်နှင့် အတုအယောင်ရွေးကောက်ပွဲ၌ မပါဝင်ကြရန် Phoenix – Special Warfare Force တပ်ဖွဲ့က ပြောဆိုထားသည်။

အလားတူ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ခရွဲရွာဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ဆွမ်းစားကျောင်း ထိမှန်ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

ဇန်နဝါရီလ ၁၈ ရက်နေ့ ည ၈ နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ အကြမ်းဖက် စစ်တပ်၏ အမှတ် ၃၁၀ အမြောက်တပ်နှင့် ပဲခူးတိုင်း ဝေါမြို့နယ် လက်ပန်ရွာတွင် အခြေချထားသော အကြမ်းဖက် စစ်တပ်က အရပ်သား ပြည်သူများ နေထိုင်သည့် ကျေးရွာများကို ပစ်မှတ်ထား၍ ၁၂၀ မမ လက်နက်ကြီး ၆ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်များသည် ခရွဲရွာ ဘုရားကုန်း ဘုန်းတော်ကြီးကျောင်း ဆွမ်းစားကျောင်း အမိုးပေါ် ၁ လုံး၊ ကျောင်းဝင်းအပြင်တွင် ၁ လုံး၊ သုံးခွရွာ အပြင် မလိခ စက်သုံးဆီ အရောင်းဆိုင် အနီးတွင် ၂ လုံး၊ အခိုင်ရွာဘေးတွင် ၂ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ဆွမ်းစားကျောင်း ပျက်စီးခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article