32 C
Yangon

Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၂၃ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇန်နဝါရီ ၂၃ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

-အကြမ်းဖက် စစ်တပ်ရဲ့ ဟိုပုန်းကွန်ပျူတာနဲ့နည်းပညာသိပ္ပံကျောင်းအုပ် ဗိုလ်မှူးချုပ် သန့်ထင်စိုး ဆိုသူဟာ ခြစားမှုတွေ၊ တရားမဝင်စီးပွားရှာမှုမှုတွေနဲ့ တပ်တွင်း အနိုင်ကျင့်မှုတွေ ကျူးလွန်ထားတာ တောင် အရေးယူမှုမရှိပဲ မင်းအောင်လှိုင်ကို ကစထမှူးဘ၀မှာ သူက ရှာကျွေးခဲ့တာဖြစ်တဲ့အတွက် ကြိုက်တဲ့နေရာကို တိုင်နိုင်တယ်ဆိုပြီး စိန်ခေါ်နေတယ်လို့ တပ်တွင်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်မှာ ပြည်သူတွေကို ပေါ်တာဆွဲဖမ်းဆီးပြီး ပြန်လာတဲ့ စစ်တပ်လက်အောက်ခံ ပျူစောထီးခေါင်းဆောင် ဌေးလွင်ဦး နဲ့ ပျူစောထီးတွေ လိုက်ပါလာရာကားကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်မှုအတွင်း ပျူစောထီး ၈ ဦးကတော့ အသီးသီး သေကုန် ကြသလို ၊ ကြို့ပင်ကောက်မြို့နယ်မှာလည်း ကြံ့ဖွတ်ပါတီ စည်းရုံးရေးမှူး သန်းစိုးဆိုသူ ပစ်ခတ်ခံရပြီး သေသွားပြီလို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

-မကွေးတိုင်း၊ အောင်လံမြို့နယ်မှာရှိတဲ့ တပ်ကုန်းကျေးရွာ မင်္ဂလာဆောင်မဏ္ဍပ်ကို အကြမ်းဖက် စစ်တပ်ဟာ တိုက်ပွဲဖြစ်ပွားမှုမရှိပဲ လေယာဉ်နဲ့လာပြီး ဗုံးကျဲသွားမှုကြောင့် လသား အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၅ ဦး သေဆုံးထားပြီး နောက်ထပ် ပြည်သူ ၁၀ ဦးထက်မနည်းက ဒဏ်ရာတွေရ ထားတယ်လို့ အောင်လံလူထုအဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

-အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အာတိတ်စက်ဝိုင်းအတွင်းမှာရှိတဲ့ ဂရင်းလန်းကျွန်းကို အပြည့်အဝ ဝင်ရောက်ခွင့်ရရှိတော့မယ်လို့ ပြောဆိုလိုက်ပြီးနောက်၊ ဂရင်းလန်း နဲ့ ဒိန်းမတ်အစိုးရတို့က သူတို့နယ်မြေ ပိုင်ဆိုင်မှု အချုပ်အခြာအာဏာဟာ လုံးဝထိပါးလို့မရတဲ့ “အနီရောင် (Red Line)” အဆင့် ဖြစ်တယ်လို့ ပြတ်ပြတ်သားသား တုံ့ပြန်လိုက်ကြတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article