By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇန်နဝါရီ ၂၅ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြစ်ဒဏ်ကျခံနေရတာက နိုင်ငံရေးအမှု ဆိုတာထက် လာဘ်ပေးလာဘ်ယူမှုနှင့် ရာဇဝတ်မှုတွေ ဖြစ်တယ်လို့ စစ်တပ်ရဲ့ ပြောရေး ဆိုခွင့်ရှိသူ အကြမ်းဖက် ဇော်မင်းထွန်းက ပြောဆိုလိုက်ပါတယ်။
-ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာ နေထိုင်တဲ့ ကိုအောင်ကျော်မင်းကို စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးပြီး ငွေကျပ်သိန်း ၂၀၀ မပေးနိုင်တာကြောင့် စစ်တပ်ထဲ ပို့ဆောင်ခံခဲ့ရတယ်လို့ Yaw Revolution Army-ထီးလင်း ရဲ့ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
-တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာရှိတဲ့ အကြမ်းဖက် စစ်တပ် အထိုင်ချ တပ်စွဲထားတဲ့ လောင်းလုံး မြို့ပေါ် ရဲစခန်းနှင့် ရပ်ခံတောင် ကို ဒရုန်းနဲ့ ဗုံးကျဲ တိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၆ ဦးသေဆုံးခဲ့တယ်လို့ ဒေသတော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
အမေရိကန်ပြည်ထောင်စု၊ မင်နီဆိုးတားပြည်နယ်၊ မင်နီယာပိုလစ်မြို့မှာ စနေ နေ့ (ဇန်နဝါရီ ၂၄ ရက်) က ဖက်ဒရယ်လူဝင်မှုကြီးကြပ်ရေးအေးဂျင့်တွေရဲ့ ပစ် ခတ်မှုကြောင့် အသက် ၃၇ နှစ်အရွယ် သူနာပြုတစ်ဦး သေဆုံးသွားခဲ့ပါတယ်။




