24 C
Yangon

Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၂၇ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇန်နဝါရီ ၂၇ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

အီရန်နိုင်ငံက မြန်မာစစ်တပ်ဆီကို လေယာဉ်ဆီတွေ လျှို့ဝှက် တရားမဝင်တင်ပို့နေပြီး ၁ နှစ်ကျော် ကာလအတွင်း လေယာဉ်ဆီတန်ချိန် ၁၇၅,၀၀၀ ခန့် သင်္ဘောနဲ့ တင်ပို့ခဲ့တယ်လို့ ရိုက်တာသတင်းဌာနက စုံစမ်းဖော်ထုတ်လိုက်ပါတယ်။

NLD အစိုးရလက်ထက် ကျန်းမာရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဒေါက်တာ မြင့်ထွေးဟာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ဆေးကုသမှု ခံယူရင်း ကွယ်လွန်သွားတယ်လို့ သိရပါတယ်။

မန္တလေးတိုင်း ၊ မိုးကုတ်မြို့အရှေ့ပိုင်းက ထောင်အနောက် ချောင်းထဲမှာ ခနဲဆေးသူ အယောက် ၅၀ ခန့် ကို ဒီနေ့မနက် ၉ နာရီ ၃၀ မိနစ်ခန့်မှာ အကြမ်းဖက်စစ်အုပ်စုက မတရားဖမ်းဆီးခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

တောင်ကိုရီးယားကနေ တင်သွင်းကုန်တွေအပေါ် အခွန် ၂၅ ရာခိုင်နှုန်းအထိ တိုးမြှင့်မယ်လို့ အမေရိကန်သမ္မတ ထရန့်က ကြေညာလိုက်ပါတယ်။ သမ္မတ ထရန့်က တောင်ကိုရီးယား လွှတ်တော်အနေနဲ့ အမေရိကန်နဲ့ ချုပ်ဆိုထားတဲ့ သမိုင်းဝင် ကုန်သွယ်ရေး သဘောတူညီချက်ကို ကတိမတည်ဘူးလို့ စွပ်စွဲလိုက်တဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article