ရန်ကုန်၊ ဇူလိုင် ၁၀
ထိုင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Blinken က မြန်မာ တက်ကြွလှုပ်ရှားသူ လူငယ်များနှင့် ဘန် ကောက်မြို့တွင် တွေ့ဆုံခဲ့ပြီး နွေဦးတက္ကသိုလ်မှ မြန်မာလူငယ်တစ်ဦးလည်း ပါဝင်ကြောင်း နွေဦးတက္ကသိုလ်ထံမှ သိရှိရသည်။
ထိုင်းနှင့် အမေရိကန် သတင်းဌာနများကလည်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး နှင့် မြန်မာလူငယ်များ တွေ့ဆုံကြောင်းကို အတည်ပြု သတင်းရေးသား ကြသော်လည်း အသေးစိတ်ကို ဖော်ပြခြင်းမရှိပေ။
အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး Antony Blinken သည် ယနေ့ ဇူလိုင်လ ၁၀ ရက်နေ့တွင် ထိုင်းနိုင်ငံသို့ရောက်ရှိလာပြီး မြန်မာ့အရေး တက်ကြွလှုပ်ရှားသူ လူငယ်များနှင့် တွေ့ဆုံဆွေးနွေးရာတွင် မြန်မာ လူငယ်များက နွေဦးတော်လှန်ရေးအခြေအနေများကို ရှင်းကြကြောင်း တွေ့ဆုံပွဲတက်ရောက်ခဲ့သည့် နွေဦးတက္ကသိုလ်ထံမှ သိရှိရသည်။
တွေ့ဆုံပွဲတွင် အကြမ်းဖက်စစ်တပ်၏ ၂၀၂၁ အာဏာသိမ်းမှုအပြီး ပညာရေးအခြေအနေများ၊ ယခုထိအားကောင်းနေဆဲ ပညာရေး CDM ဆရာဆရာမများ၊ ကျောင်းသားများနှင့် ဝန်ထမ်းများ၏ အခြေ အနေများ၊ အမေရိကန်ပြည် ထောင် စုနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် ပညာရေးအစီအစဉ်များအကြောင်းကို ဆွေးနွေးကြကြောင်း သိရှိရသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနှင့် မြန်မာလူငယ်များက မြန်မာနိုင်ငံတွင်းမှ အင်တာနက်မရရှိသော နေရာဒေသများတွင် မြေပြင်ပညာရေးသင်ကြားနိုင်မည့် နည်းလမ်းများကိုလည်း ဆွေးနွေးခဲ့ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနှင့် မိတ်ဖက်များက ကူညီနိုင်သည်များကို အားဖြည့်ပေးသွားမည်ဟု ပြောကြားကြောင်း သိရှိရသည်။
ဓာတ်ပုံ- အမေရိကန်နိုင်ငံခြားရေးဝန်ကြီး နှင့် နွေဦးတက္ကသိုလ်မှ မြန်မာလူငယ် တစ်ဦးတို့ ယနေ့ ဘန်ကောက်တွင် တွေ့ဆုံဆွေးနွေးစဉ်။