31 C
Yangon

မြန်မာပြည်သူများအပေါ် စစ်တပ်၏ ရက်စက်ကြမ်းကြုတ်များကို ရပ်တန့်ပေးပါရန် ကုလ သမဂ္ဂနှင့်လုံခြုံရေးကောင်စီကို ကြိမ်ဖန်များစွာ တောင်းဆိုခဲ့သော်လည်းယနေ့တိုင် ပျက် ကွက်နေဟု သံအမတ်ကြီး ဦးကျော်မိုးထွန်း ထောက်ပြ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၉

မြန်မာပြည်သူများအပေါ် ကျူးလွန်နေသည့် အကြမ်းဖက် စစ်တပ်၏ ရက်စက်ကြမ်း ကြုတ် များကို ရပ်တန့်ပေးပါရန် ကုလသမဂ္ဂနှင့်လုံခြုံရေးကောင်စီကို ကြိမ်ဖန်များစွာ တောင်းဆိုခဲ့သော်လည်းယနေ့တိုင် ပျက်ကွက်နေကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုလိုက်သည်။

ဇန်နဝါရီလ ၂၇ ရက်နေ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် “ငြိမ်းချမ်းရေး၊ တရားမျှတမှုနှင့် နိုင်ငံပေါင်းစုံဝါဒတို့အားပြန်လည် အသက်သွင်းခြင်းဖြင့် အပြည်ပြည်ဆိုင်ရာ တရားဥပ ဒေ စိုးမိုးရေးကို ထပ်လောင်းအတည်ပြုခြင်း”ဆိုင်ရာ အဆင့်မြင့် တံခါးဖွင့် ဆွေးနွေးပွဲတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

မြန်မာပြည်သူလူထု တစ်ရပ်လုံးသည် စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုများ ကို ဝိုင်းဝန်းရပ်တန့်ပေးကြပါရန် ကုလသမဂ္ဂနှင့်လုံခြုံရေးကောင်စီတို့အား ကြိမ်ဖန်များစွာ တောင်းဆိုခဲ့ပြီးဖြစ်ကြောင်း၊ ကုလသမဂ္ဂအနေဖြင့် မြန်မာပြည်သူများအပေါ်တွင် ယနေ့တိုင် ပျက်ကွက်နေကြောင်း သူက ရှင်းပြသည်။

မြန်မာနိုင်ငံတွင်မူ စစ်အုပ်စုက ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် မတရား စစ်အာဏာသိမ်းကာ အရွေးကောက်ခံအစိုးရအား ဖယ်ရှားကာ ပြည်တွင်းတရားဥပဒေစိုးမိုးမှုကို ပျက်သုဉ်းစေရုံသာမက ဒီမိုကရေစီ အဖွဲ့အစည်းများနှင့် လွတ်လပ်သော တရားရေးစနစ်များကိုလည်း ဖျက်ဆီးခဲ့ကြောင်း၊ မြန်မာပြည်သူ လူထုတစ်ရပ်လုံးအပေါ်တွင် နိုင်ငံတကာရာဇဝတ်မှုများကို ပြစ်ဒဏ်ကင်းလွတ်ခွင့်ဖြင့် နှစ်ရှည်ကျူးလွန်လျက်ရှိကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ထောက်ပြသည်။

မတရား စစ်အာဏာသိမ်းမှု၏ နောက်ဆက်တွဲအနေဖြင့် ပြည်တွင်းတရားဥပဒေစိုးမိုးမှု အလုံးစုံ ပြိုလဲသွားခြင်း၊ အကျင့်ပျက်ချစားမှုများ မြင့်တက်လာခြင်းနှင့် မလုံခြုံမှုများ နိုင်ငံအနှံ့အပြား ဖြစ်ပေါ်နေခြင်းတို့ကြောင့် မြန်မာနိုင်ငံသည် အွန်လိုင်းလိမ်လည်မှုစခန်းများ၊ ဆိုက်ဘာရာဇဝတ်မှုများ၊ လူနှင့် မူးယစ်ဆေးဝါး ကုန်ကူးမှုများ အပါအဝင် နယ်စပ်ဖြတ်ကျော်မှုခင်းများ၏ ဗဟိုချက်အဖြစ်သို့ ရောက်ရှိလာခဲ့ကြောင်း ၎င်းက ပြောသည်။

အဆိုပါအခြေအနေများသည် ဒေသတွင်းနှင့် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးတို့ကို သိသိသာသာပင် ခြိမ်းခြောက်လာလျက်ရှိကြောင်း၊ အကြမ်းဖက် စစ်တပ်က အတု အယောင် ရွေးကောက်ပွဲများနှင့် လုပ်ကြံဖန်တီးပုံဖော်ထားသည့် မဲများဖြင့် စစ်အုပ်စု ကျူး လွန်သည့် ရာဇဝတ်မှုများကို မည်သို့မျှ ချေဖျက်နိုင်မည် မဟုတ်ကြောင်း၊ မြန်မာ ပြည်သူလူထုတစ်ရပ်လုံး၏ စိတ်ဆန္ဒကိုလည်း မည်သို့မျှ ဆွဲဆောင် သိမ်းသွင်းနိုင်မည် မဟုတ်ကြောင်း သံအမတ်ကြီးက ဆက်လက်ပြောဆိုသည်။

ထို့ကြောင့် ကုလသမဂ္ဂနှင့် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် စစ်အုပ်စု၏ အတုအယောင် ရွေး ကောက်ပွဲကို ငြင်းပယ်ကန့်ကွက်ကြရန် သံအမတ်ကြီး ဦးကျော်မိုးထွန်းက မေတ္တာရပ်ခံ တောင်းဆိုခဲ့သည်။

ထို့အတူ မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အပြီးတိုင် ပပျောက်ရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ထောင်ရေးအတွက် မြန်မာပြည်သူများ၏ ကြိုးပမ်းအား ထုတ်မှုများကို ထောက်ခံအားပေးကြပါရန်လည်း သံအမတ်ကြီးကဆက်လက် တောင်းဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article