32 C
Yangon

မြိုင်နှင့် ပခုက္ကူမြို့နယ် အစပ်ကို စစ်ကြောင်းထိုးနေသော စစ်တပ်က စစ်ဘေးရှောင် ပြည်သူများ နေထိုင်သော ဘုန်းကြီးကျောင်း၊ တောတိုက်များနှင့် ကျဆုံး PDF ရဲဘော် ၂ ဦး၏ ကျောက်တိုင်ကိုပါ မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၉

မကွေးတိုင်း၊ မြိုင်မြို့နယ်နှင့် ပခုက္ကူမြို့နယ် အစပ်ကို စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်က စစ်ဘေးရှောင် ပြည်သူများ နေထိုင်သော ဘုန်းကြီးကျောင်း၊ တောတိုက်များနှင့် ကျဆုံး PDF ရဲဘော် ၂ ဦး၏ ကျောက်တိုင်ကိုပါ မီးရှို့ဖျက်ဆီးသွားကြောင်း အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၈ ရက်နေ့တွင် နံနက် ၇ နာရီ ၃၀ မိနစ်ခန့်တွင် သစ်ပုလွေကုန်းရွာမှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် သစ်ပုလွေကုန်းရွာနှင့် သာစည်ကျေးရွာ အကြားရှိ တွင်းမကျေးရွာမှ စစ်ဘေးရှောင်ပြည်သူများ နေထိုင်သော တောတဲများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ မီးရှို့ဖျက်ဆီးခြင်းကြောင့် ဘုန်းကြီးကျောင်း အပါအဝင် စစ်ရှောင် တောတိုက်များ မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် သစ်ပုလွေကုန်းရွာနှင့် သာစည်ကျေးရွာ အကြားရှိ ကျဆုံး PDF ရဲဘော် ၂ ဦး၏ ကျောက်တိုင်ကိုပါ အမှိုက်များပုံ၍ မီးရှို့ဖျက်ဆီးခဲ့ပြီး ကျောက်တိုင် ထိပ်ပိုင်းကိုလည်း ရိုက်ချိုး ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် ပခုက္ကူမြို့နယ်အတွင်းမှ သစ်ပလွေကုန်းရွာ၊ သံဘိုရွာ နှင့် မြိုင်မြို့နယ် အတွင်းရှိ တွင်းမရွာမှ စစ်ဘေးရှောင်ပြည်သူများ၊ သာစည်ရွာ၊ နှမ်းဆီကန်ရွာ၊ မြေရင့်ရွာ အပါအဝင် အနီးအနားရှိ ကျေးရွာများမှ ထောင်နှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

“စစ်ခွေးစစ်ကြောင်းက မနေ့က သစ်ပုလွေကုန်းရွာနဲ့ သာစည်ကျေးရွာ အကြားက တွင်းမကျေးရွာ စစ်ဘေးရှောင်ပြည်သူတွေ နေထိုင်တဲ့ တောတဲတွေနဲ့ ဘုန်းကြီးကျောင်းကို မီးရှို့ဖျက်ဆီးသွားတာ နောက်ပြီးတော့ ကျဆုံး ရဲဘော် ၂ ဦးရဲ့ ကျောက်တိုင်ကိုလည်း ပဲစင်းငုံတွေနဲ့ အမှိုက်တွေကို ယူပြီးတော့ ကျောက်တိုင် အောက်ခြေကို မီးရှို့ဖျက်ဆီးတာ ကျောက်တိုင်ထိပ်ပိုင်းက ကြယ်တွေကိုလည်း ရိုက်ချိုး ဖျက်ဆီးသွားတယ်” ဟု အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်မှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ယနေ့ ဇန်နဝါရီလ ၂၉ ရက်နေ့တွင် သာစည်ရွာထိပ်လမ်းပိုင်းကို ရောက်ရှိနေပြီး တွင်းမ စစ်ရှောင်တောတိုက်များ၊ သာစည်စစ်ရှောင်တောတိုက်များနှင့် နှမ်းဆီကန်စစ်​ရှောင်တောတိုက် များမှ ပြည်သူများ သတိပြုနေထိုင်ကြရန် အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်က အသိပေး ပြောဆိုထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article