26 C
Yangon

တနိုင်းမြို့နယ်၊ လီဒိုလမ်းမပေါ်ရှိ နတ်ရေတောင် ကာကင်းစခန်း ၂ ခုကို KIA ပူးပေါင်းတပ်ဖွဲ့က ပြန်လည် သိမ်းပိုက်ရရှိ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၉

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်အတွင်းရှိ နတ်ရေတောင် ကာကင်းစခန်း ၂ ခုကို KIA ပူးပေါင်း တပ် ဖွဲ့က ပြန်လည်သိမ်းပိုက်ရရှိခဲ့ကြောင်း KIA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇန်နဝါရီလ ၂၆ ရက်နေ့ တနိုင်းမြို့နယ်၊ တနိုင်းလပူခနှင့် ပရင်းမှော်ကြားရှိ အွယ်လောတပ်စခန်း ကုန်းတို့ကို KIA ပူးပေါင်းတပ်ဖွဲ့က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် KIA ကပြန်လည် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ် ကြောင်း၊ ဆက်လက်၍ ကျန်ရှိနေသောစစ်တပ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက် လျက်ရှိသောကြောင့် တိုက်ပွဲပြင်းထန်နေဆဲဖြစ်ကြောင်း သိရသည်။

“လက်ရှိကာ နှစ်ဖက်တိုက်ပွဲ ဆက်ဖြစ်နေတယ်။ အသေအပျောက်စာရင်း မသိရသေးဘူး။ စခန်းနေ ရာ ၂ ခုတော့ သိမ်းပိုက်မိထားပြီ။ KIA တပ်ရင်း ၁၄ နယ် မြေဝိုက်မှာပဲ တိုက်ပွဲဆက်ဖြစ်နေတာပါ။ မအလ တပ်ဘက်က ထွက်ပြေးသွားတဲ့ အဖွဲ့တွေလည်း ရှုံးမဲမဲပြီး လီဒိုလမ်းမပေါ်မှာ ခရီးသွားပြည်သူ တွေကို မိုက်ကြေးခွဲနေတယ်” ဟု KIA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

KIA ပူးပေါင်းတပ်ဖွဲ့က ပြန်လည်သိမ်းပိုက်လိုက်သော စခန်းများသည် ပြီးခဲ့သည့် ဒီဇင်ဘာလထဲက မင်းဇေသန့်ဦးဆောင်သော ဝါရာဇွပ်ပြည်သူ့စစ်တပ်ဖွဲ့နှင့် အကြမ်းဖက်စစ်တပ်တို့ ပူးပေါင်းကာ လေ ကြောင်း၊ လက်နက်ကြီးသာလွန်အင်အားဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သောကြောင့် ခေတ္တ ဆုတ်ခွာ ပေးခဲ့ရသည့် စခန်းများဖြစ်ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article