29 C
Yangon

Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၂၉ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇန်နဝါရီ ၂၉ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • မြန်မာ အကြမ်းဖက်စစ်တပ် လက်အောက်ခံ ကိုးကန့်ပြည်သူ့ စစ်ခေါင်းဆောင် မြီမိသားစုဝင် ၁၁ ဦးကို အွန်လိုင်းကျားဖြန့် လိမ်လည်မှု၊ လူသတ်မှုတွေအပါအဝင် ရာဇဝတ်မှုပေါင်းများစွာနဲ့ တရုတ်အစိုးရက ဒီကနေ့မှာပဲ သေဒဏ်စီရင် ကွပ်မျက်လိုက်ပြီလို့ တရုတ်အစိုးရပိုင် သတင်းမီဒီယာတွေက ကြေညာချက် ထုတ်ပြန်လာပါတယ်။
  • ကရင်ပြည်နယ်၊ မြ၀တီမြို့ကို အကြမ်းဖက် စစ်တပ်က စစ်ကား ၃၅ စီးနဲ့ တင့်ကား ၄ စီး ရောက်ရှိလာပြီး ၊ မြဝတီမြို့ကနေ ထွက်ခွာဖို့ စစ်တပ်ကပဲ ပြန်လည် မောင်းထုတ်တာကို ခံရမှုကြောင့် အင်တင်တင် လုပ်နေတဲ့ စစ်တပ်လက်အောက်ခံ BGF အမည်ပြောင်း KNA တပ်ဖွဲ့ဝင်တချို့လည်း မြို့ကနေ ထွက်ခွာနေရပြီဖြစ်တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • ကရင်နီပြည်၊ လွိုင်ကော်မြို့ကနေ လွိုင်လင်လေးမြို့ဘက်ကို ကင်းပတ်ဖို့ ထွက်လာတဲ့ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကရင်နီ တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်က ဗိုလ်မှူးအောင်မျိုးခန့်အပါအဝင် ၁၅ ဦးကတော့ အသီးသီး သေကုန်ကြပြီး ၊ အဲ့ဒီ့ဗိုလ်မှုးအပါအဝင် အရာရှိ ၅ ဦးရဲ့ အလောင်းတွေကိုသာ လွှိုင်ကော်မြို့ပေါ်ကို ပြန်သယ်သွား ကြတယ်လို့ ကရင်နီ တော် လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • တရုတ်နဲ့ ထိုင်ဝမ်အရေး တင်းမာမှုတွေ ဆက်လက်မြင့်တက်နေတဲ့အချိန်မှာ တိုင်ဝမ်က သူတို့ရဲ့ F-16 တိုက်လေယာဉ်တွေကို ဘယ်လောက်လျင်မြန်စွာ ပြန်လည်ဆုတ်ခွာနိုင်သလဲဆိုတာကို စစ်ရေး လေ့ကျင့်ခန်းတစ်ရပ်အတွင်း ပြသလိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article