29 C
Yangon

ရွှေဘိုတွင် ငွေတောင်းနေသည့် စစ်တပ်ကို ခြုံခို တိုက်ခိုက်၊ သထုံတွင် စစ်ယာဉ်တန်းမိုင်းဆွဲခံရပြီး စစ်ကား ၄ စီး ပျက်စီး၊ ကန့်ဘလူတွင် PDF စခန်းတစ်ခု ဆုံးရှုံးရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံး

Must read

ရန်ကုန်၊ ဇူလိုင် ၁၀

စစ်ကိုင်းတိုင်းရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို PDF တပ်များက ခြုံခိုတိုက်ခိုက်ရာ စစ်သား ၃ ဦး ဒဏ်ရာရရှိကြောင်း PDF တပ်ပေါင်းစုက ပြောသည်။

ဇူလိုင်လ ၉ ရက်နေ့ ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ရွာတွင်တပ်စွဲထားသော စစ်ကောင် စီတပ်က အများပြည်သူသွားလာနေသည့်လမ်းပိုင်းကို ငွေကြေးအတင်းအကျပ်ကောက်ခံနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် ရွှေဘိုခရိုင် တပ်ရင်း(၅) တပ်ခွဲ(၃)၊ C&T ShweBo (LDF)၊ Snake Eyes (LDF) ၊ Shwebo Federal Army (SBFA) ၊ ဒေါင်းမာန်-SHWEBO၊Alpha-7(LDF) ၊ MDF SHWEBO ၊ဗိုလ်ကျားရိုင်း-Shwebo ၊ F .D .F နှင့် ရွှေဘိုတိုက်နယ်(၂)မှ ပ.က.ဖ များပူးပေါင်း၍ ခြုံခိုတိုက်ခိုက်ရာ စကစ (၃)ယောက် အပြင်းအထန်ဒဏ်ရာရရှိပြီး အကျအဆုံးမသိရသေးပါကြောင်း SNAKE EYES PDF ကပြောသည်။

အလားတူ မွန်ပြည်နယ်၊ သထုံမြို့နယ်မှ ဘီးလင်းမြို့သို့ သွားသော စစ်ကောင်စီယာဉ်တန်းကို KNLAနှင့်PDFပူးပေါင်းအဖွဲ့တို့က ယနေ့ နံနက် နံနက် ၃နာရီ ၄၁မိနစ်တွင် ကမာစိုင်ကျေးရွာတစ်လျှောက် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကား ၄ စီး ပျက်စီးသွားကြောင်း သထုံ TPDF က ပြောသည်။

KNLAတပ်မဟာ(၁) တပ်ရင်း(၂)၊ PDFတပ်ရင်း(၂)နှင့် သထုံမြို့နယ်ပြည်သူ့ကာကွယ်ရေးအင်အားစု(TPDF)ပူးပေါင်းအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ပြီး လက်နက်ကြီးလက်နက်ငယ်များပစ်ခတ်တိုက်ခိုက်ခဲ့ကြရာ စစ်ကောင်စီဘက်မှ ကားကြီး (၃)စီးနှင့်ကားသေး(၁)စီး ထိခိုက်ပျက်စီးသွားခဲ့ကြောင်း၊ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးဒဏ်ရာရသူရှိနိုင်ပြီး အတိကျမသိရသေးကြောင်း သထုံ TPDF က ပြောဆိုထားသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ကန့်ဘလူတွင် ကန့်ဘလူခရိုင်ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း ၃ PDF စခန်းကို စစ်တပ် က ထိုးစစ်ဆင်လာကြောင်း ၊ ဇူလိုင်လ ပထမအပတ်တွင်း ကန့်ဘလူအတွင်း တိုက်ပွဲများဖြစ်ပြီး စစ်ကောင်စီဘက်မှ ၃ ဦးသေဆုံးကြောင်း၊ ကန့်ဘလူဒေသတွင် စစ်ကြောင်း ၅ ခုဖြင့် စစ်ရေးလှုပ်ရှားနေကြောင်း ကန့်ဘလူလူငယ်များ၏ Infinity Group က သတင်းဖော်ပြသည်။

ကန့်ဘလူခရိုင် ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း(၃) PDF စခန်းကို အကြမ်း ဖက်စစ်ကောင်စီတပ်က ယမန်နေ့ ဇူလိုင်လ ၉ ရက် မနက်အစောပိုင်းမှ စတင်ကာ စစ်ကြောင်း ၃ ခုဖြင့် ထိုးစစ်ဆင်ကာ ဝင်ရောက်စီးနင်းခဲ့ကြောင်း၊
ဖောင်းပြင် အခြေစိုက် ခမရ ၃၆၇ ၊ ဟုမ္မလင်းအခြေစိုက် ခမရ ၃၆၉ နှင့် ကျောက်မြောင်းတပ် ခလရ ၁၂ တို့က ပူးပေါင်း ထိုးစစ်ဆင်လာခြင်းဖြစ်ပြီး PDF များက စခန်းမှ ယာယီဆုတ်ခွာပေးခဲ့ရကြောင်း၊ PDF ရဲဘော်များ ထိခိုက်မှုမရှိကြောင်း သိရှိရသည်။

PDF စခန်းသို့ ဝင်ရောက်ရန် ကြိုးပမ်းခဲ့သော စစ်ကောင်စီစစ်ကြောင်းကို ၄ ကြိမ်တိတိ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကြောင့် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးနိုင်ကြောင်း သိရှိရသည်။

ဇူလိုင်လ ၁ ရက်နေ့ကလည်း ကန့်ဘလူမြို့ အရှေ့ဘက်အထွက်တွင် စစ်ရေးလှုပ်ရှားမှုများပြုလုပ်နေသော အင်အား ၁၀၀ ပါ အကြမ်းဖက်စစ်ကောင်စီတပ်မှာ ပြည်သူ့ကာကွယ်ရေးတပ် လင်းယုန်နီ ကန့်ဘလူ က ထောင်ထားသော တိုက်မိုင်း၊နင်းမိုင်းများကြောင့် စစ်သား ၃ ဦးသေဆုံးကာ ၇ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း၊သေဆုံးသွားသော စစ်သားအလောင်းများကို လမ်းမှန်သုဿန်တွင် မြှုပ်နှံထားခဲ့ကြောင်း Infinity Group ၏ သတင်းဖော်ပြချက်အရ သိရှိရသည်။

ထို့ပြင် ဇူလိုင်လ ၃ ရက်နေ့က ကန့်ဘလူမြို့နယ်မြောက်ခြမ်း ချပ်သင်းဒေသ အောက်တဲရွာအနီးတွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲ ဘော် ၂ ဦး ဒဏ်ရာရရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်သည်)

Photo- Agency ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article