28 C
Yangon

လောင်းလုံးမှာ အသက် ၇ နှစ်အရွယ်ကလေးငယ်သေဆုံးခဲ့မှုအပေါ် လောင်းလုံး PDF ဝန်ချတောင်းပန်

Must read

ရန်ကုန်၊ ဇူလိုင် ၁၀

လောင်းလုံးမြို့နယ်က နေအိမ်တစ်ဆောင်ကို ဝင်ရောက်စီးနင်းချိန် သေနတ်ကျည်ထိမှန်ပြီး အသက် ၇ နှစ်အရွယ်ကလေးငယ်သေဆုံးခဲ့မှုနဲ့ပတ်သက်လို့ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(LLPDF) က ဝန်ချတောင်းပန်ကြောင်းထုတ်ပြန်ပါတယ်။

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်က ဝေဒီကျေးရွာက ဦးကျော်ဟိန်းဆိုသူရဲ့ နေအိမ်ကို မနေ့ညက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကဝင်ရောက်စီးနင်းပစ်ခတ်ချိန်မှာ အသက် ၇ နှစ်အရွယ် မငုဝါနိုးသေဆုံးခဲ့ပါတယ်။

ဦးကျော်ဟိန်းဟာ လက်နက်ကိုင်ဆောင်ထားတဲ့ ပျူစောထီးအဖွဲ့ဝင်ဖြစ်လို့ သတိပေးနှိမ်နင်းဖို့အတွက် LLPDF နဲ့ DDT တပ်ခွဲတို့က သွားရောက်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

မထင်မှတ်တဲ့ ဖြစ်ရပ်ကြောင့် မငုဝါနိုးသေဆုံးခဲ့မှုအတွက် မိဘအုပ်ထိန်းသူထံဆက်သွယ်တောင်းပန်ခဲ့ပြီး သူတို့ရဲ့သဘောဆန္ဒအတိုင်းတာဝန်ခံပေးဆပ်မယ်လို့လည်းဖော်ပြထားပါတယ်။

လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ အသိပေးထုတ်ပြန်ချက်နဲ့ ဝန်ချတောင်းပန်လွှာကို ဖော်ပြလိုက်ပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article