24 C
Yangon

Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၁ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဖေဖော်ဝါရီ ၁ ရက် ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

ကချင်ပြည်နယ်မှာ KIO/KIA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို မင်းအောင်လှိုင်က စစ်အုပ်ချုပ်ရေးနှင့်အရေးပေါ် အခြေအနေ ကြေညာထားမှုကို ထပ်မံ သက်တမ်းတိုးထားတာကြောင့် စစ်ရေးတင်းမာမှုတွေ ပိုမိုမြင့်မားလာနိုင်တယ်လို့ KIO/KIA ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။

-အကြမ်းဖက် မင်းအောင်လှိုင်ရဲ့ အဆင်အခြင်မဲ့ လောဘနှင့်စိတ်အားသေးသိမ်မှုကြောင့် မြန်မာနိုင်ငံ ငရဲထဲ ဆွဲချခံနေရပြီး မိခင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ သားဖြစ်သူ ကင်မ်အဲရစ်(ခေါ်) ကိုထိန်လင်းက တောင်းဆိုလိုက်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါးနှင့် အွန်လိုင်းကျားဖြန့်လိမ်လည်မှုလိုမျိုး ရာဇဝတ်မှုတွေ ပိုမိုဖြစ်ပွားလာကာ ဒေသတွင်း တည်ငြိမ်ရေးကို ခြိမ်းခြောက်နေတယ်လို့ ဗြိတိန်နှင့် ဩစတြေးလျနိုင်ငံခြားဝန်ကြီးတွေက ပြောဆိုလိုက်ပါတယ်။

-အမေရိကန်အစိုးရဟာ ကွန်မြူနစ်စနစ်နဲ့အုပ်ချုပ်နေတဲ့ ကျူးဘားကျွန်းနိုင်ငံအပေါ် ဖိအားတွေတိုးမြှင့်ပြီး အဓိက ရေနံထောက်ပံ့မှုတွေကို ဖြတ်တောက်နေသလို တစ်ဖက်မှာလည်း ကျူးဘားခေါင်းဆောင်တွေနဲ့ စတင်စကားပြောနေပြီလို့ သမ္မတ ဒေါ်နယ်ထရန့်က ပြောလိုက်တဲ့ သတင်းအပါအဝင် ညနေခင်းသတင်းတွေ ကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article