36 C
Yangon

နွေဦးတော်လှန်ရေးတွင် ပိုမိုညီညွတ်သော စုစည်းညီညွတ်မှု ပေါ်ပေါက်ရေး NUCC က ကြိုးပမ်းမည်ဟု ကတိပြု

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁

နွေဦးတော်လှန်ရေးတွင် ပိုမိုညီညွတ်သော စုစည်းညီညွတ်မှု ပေါ်ပေါက်ရေး အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံ ကောင်စီ-NUCC က ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ယနေ့ ကတိပြုလိုက်သည်။

ယနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၌ ကျင်းပပြုလုပ်ခဲ့သည့် သတင်းစာရှင်း လင်းပွဲတွင် NUCC အဖွဲ့ဝင် ဦးမောင်မောင်အေးက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

လက်ရှိ နိုင်ငံရေးအခြေအနေသည် တော်လှန်ရေးအင်အားစုအသီးသီးကြားတွင် ပိုမို ညီညွတ်သော စု စည်းမှုများ ပေါ်ပေါက်ရန် အထူးလိုအပ်နေချိန် ဖြစ်ပြီး အသွင်သဏ္ဌာန် အားဖြင့်သာမကဘဲ အနှစ် သာရ အားဖြင့်ပါ စုစည်းနိုင်ရေးသည် လက်ရှိတော်လှန်ရေး၏ ပကတိလိုအပ်ချက်ဖြစ်ကြောင်း၊ ထို့ ကြောင့် တော်လှန်ရေး၏ ဖြစ်ပေါ်တိုးတက်မှု များနှင့်အညီ အသွင်သဏ္ဌာန်အားဖြင့်သာမကဘဲ အနှစ်သာရအားဖြင့်ပါ စုစည်းနိုင်သော တော် လှန်ရေး ဦးဆောင်မှုတရပ် ပေါ်ပေါက်လာစေရေး ကို NUCC ၏ တာဝန်တရပ်အနေဖြင့် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရှိရသည်။

“တော်လှန်ရေးအောင်မြင်ဖို့အတွက်က ညီညွတ်ရေးအရေးကြီးတယ်။ ညီညွတ်ရေးလိုအပ်တယ်လို့ တော်လှန်ရေးမှာ ပါဝင်ကြတဲ့ခေါင်းဆောင်တွေ၊ အဖွဲ့အစည်းတွေက စဉ်ဆက်မပြတ်ပြောလာတာပါ။ ဒါပေမယ့် ဘာကြောင့် ကျနော်တို့ တကယ်မစုစည်းနိုင်လဲဆိုတဲ့ အချက်တွေ သုံးသပ်ဖို့အတွက် ကတော့ အတော်လေး ကျယ်ပြန့်တယ်လို့ မြင်တယ်။ အခုနွေဦးတော်လှန်ရေး ၅ နှစ် တာကာလကို ရောက်ပြီ။ ဖက်ဒရယ်ဒီမိုကရေစီ Charter က အဲဒီလွန်ခဲ့တဲ့ ၅ နှစ်တာကာလတုန်းက ရှိခဲ့တဲ့အခြေ အနေပေါ့။ နိုင်ငံရေး၊ စစ်ရေးအခြေအနေ အရပ်ရပ်အပေါ်မှာ ကျနော်တို့ ချိန်ညှိပြီးတော့မှ သုံးသပ် ရေးဆွဲကြတာဖြစ်တယ်။ ဒီနေ့ ၅ နှစ်ပြည့်တဲ့အချိန်မှာကျတော့ ရောက်ရှိနေတဲ့ စစ်ရေး၊ နိုင်ငံရေး အခြေအနေတွေကလည်း ပြောင်းလဲနေပြီဖြစ်ပါတယ်။ အဲဒီတော့ ဒီ အခြေအနေနဲ့ အံဝင်ဂွင်ကျ ဖြစ်ဖို့၊ ထပ်တူဖြစ်ဖို့ လိုနေတာကလည်း အချက်တစ်ချက်ဖြစ်တယ်လို့ ကျနော်တို့ အနေနဲ့တော့ မြင်တယ်။ နောက်တစ်ချက်ကတော့ တော်လှန်ရေးမှာ ပါဝင်ကြတဲ့ အဖွဲ့အစည်း တစ်ဖွဲ့ချင်းစီရဲ့ ကိုယ်ပိုင်ရပ်တည်ချက်တွေ၊ ကိုယ် ပိုင်မူဝါဒတွေ မတူတဲ့အပေါ်မှာလည်း ကျနော်တို့ အကန့် အသတ်ဖြစ်တယ်လို့ ကျနော်အနေနဲ့ပြောချင်တယ်။” ဟု NUCC အဖွဲ့ဝင် ဦးမောင်မောင်အေးက ပြောကြားသည်။

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံ ကောင်စီ (NUCC)မှာ ဖက်ဒရယ်ဒီမိုကရေစပဋိညာဉ်ပါ သ ဘောတူညီချက်များအရ ပေါ်ထွက်လာသော စုဖွဲ့မှုတရပ် ဖြစ်ပြီး တော်လှန်ရေးတွင် ပါဝင်ကြသော အင်အားစုအသီးသီး၏ စုပေါင်းခေါင်းဆောင်မှု၊ စုပေါင်းတာဝန်ခံမှုအရ ပေါ်ပေါက်လာခြင်း ဖြစ် ကြောင်း၊ NUCC ၏ အားကောင်းခိုင်မာရေး၊ စုစည်းညီညွတ်ရေးသည် သဘောတူ ကတိကဝတ် ပြုခဲ့ကြသည့် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ပါ လုပ်ငန်းစဉ်များ၊ လမ်းပြမြေပုံနှင့် စောင့်ထိန်းရမည့် စံတန်ဖိုးများအပေါ်တွင် အခြေခံကြောင်း သိရသည်။

“ကျနော်တို့ ဘာဆက်လုပ်ရမလဲဆိုလို့ရှိရင် ကျနော်တို့ တော်လှန်ရေးအဖွဲ့အစည်းတွေမှာ အတွေ့ အ ကြုံတွေရှိလာကြပြီဖြစ်ပါတယ်။ NUG ရဲ့ MOD ကလည်းအများကြီး ပြောင်းလဲလာတာရှိတယ်။ SRA လိုတပ်ပေါင်းစုတွေဖွဲ့နိုင်တာရှိတယ်။ ဒီလိုစုစည်းမှုတွေကို ဆက်လက်ပြီးတော့ စစ်ရေးနယ်ပယ်မှာ ကျယ်ပြန့်အောင်၊ ပေါင်းစည်းနိုင် အောင် လုပ်မှာဖြစ်သလို နိုင်ငံရေးနယ်ပယ်မှာလည်း ကျနော်တို့ အားလုံးစဉ်းစားနေတဲ့ အင်အားစု အားလုံးပါဝင်နိုင်တဲ့ ပလက်ဖောင်း တစ်ခုကို ရအောင်ကျနော်တို့ ဆောင်ရွက်နေသလို NUCC အနေနဲ့ လည်း တပ်ပေါင်းစုအသွင်ဆောင်ရွက်နေပေမယ့် ဒီမှာမပါဝင် နိုင်သေးတဲ့အဖွဲ့တွေရှိပါတယ်။ ဒါကြောင့် NUG ၊ NUCC စဉ်းစားနေတာက ပိုမိုကျယ်ပြန့်စွာ ပါဝင် နိုင်တဲ့ ပလက်ဖောင်းတစ်ခု ပေါ်ပေါက်ရေးဖြစ်ပါတယ်။ အဲဒီတော့ ဒီအဆင့်တွေကို တက်လှမ်းနိုင် မယ်ဆိုရင်တော့ တော်လှန်ရေးဟာ ရှေ့ကို အဆင့်တက်သွားဖို့ပဲရှိပါတယ်။” ဟု NUCC အဖွဲ့ဝင် ဦးမောင်မောင်အေးက ရှင်းပြသည်။

တော်လှန်ရေး အင်အားစုများ အနေဖြင့်လည်း နွေဦးတော်လှန်ရေး၏ အဓိကရည်မှန်းချက်များဖြစ်သည့် စစ်အာဏာရှင် စနစ်အပါဝင် အာဏာရှင် စနစ်မှန်သမျှ ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးတို့အတွက် ဆက် လက်ရပ်တည် တိုက်ပွဲဝင်သွားကြရန်နှင့် မိတ်ဖက် အင်အားစုများကြား ဖြစ်နိုင်သမျှ နည်းလမ်း များ ဖြင့် ပူးပေါင်းဆောင်ရွက်သွားကြရန် နှင့် အကြမ်းဖက်စစ်အုပ်စု၏ ပုံသဏ္ဌာန်မျိုးစုံဖြင့် ဖိအားပေး လုပ်ဆောင်လာမည့် အတုအယောင် ငြိမ်းချမ်းရေးကိုလည်း ပူးပေါင်းဆန့်ကျင် ကြရန် NUCC က တိုက်တွန်းသည်။

ဓာတ်ပုံ- Reuters ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article