26 C
Yangon

ဖားကန့်မြို့နယ်တွင် ယမန်နေ့ညပိုင်း ဆိပ်မူကျေးရွာနှင့် ၁၀ မိုင်ပတ်ဝန်းကျင်အထိ အနံ့ဆိုးများ ဖြစ်ပေါ်စေခဲ့သော အင်ဂျင်ဝိုင် ဟောင်းချက် စက်ရုံပိုင်ရှင်နှင့် အလုပ်သမားတို့ကို KIO က အရေးယူ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၆

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာနှင့် ၁၀ မိုင်ပတ်ဝန်းကျင်အထိ အနံ့ဆိုးဖြစ်ပေါ်စေခဲ့ သော အင် ဂျင် ဝိုင်ဟောင်းချက်စက်ရုံပိုင်ရှင်နှင့် အလုပ်သမားတို့ကို KIO အစိုးရက ဖမ်းဆီးရေးယူထား ကြောင်း ဖားကန့်ဒေသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၅ ရက် ညနေ ၆ နာရီခွဲဝန်းကျင်မှစ၍ ည ၁၁ နာရီခန့်အထိ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေး ရွာမှ စတင်ကာ ပြင်းပြင်းထန်ထန်အနံ့ဆိုးများထွက်ပေါ်ခဲ့ပြီး ကလေးငယ်အချို့မှာ မူးဝေ အော့အန်သည်အထိဖြစ်ပေါ်ခဲ့ကြောင်း၊ ထိုသို့ အနံဆိုးသည် ဆိပ်မူကျေးရွာအပြင် အနီးအနားကျေး ရွာများဖြစ်သည့် ဆန်းကြွယ်ကျေးရွာ၊ ဖားပြင်ကျေးရွာ၊ မမုံကျေးရွာ၊ နမ့်မှော်ကျေးရွာ၊ လုံးခင်းကျေး ရွာ၊ မှော်စီစာကျေးရွာ၊ ဖားကန့်မြို့၊ မရှီကထောင်ရပ်ကွက်တို့အထိ ပြင်းပြင်းထန်ထန်ခံစားခဲ့ကြရ ကြောင်း သိရသည်။

“ဆေးရုံ၊ ဆေးခန်းရောက်တယ်လို့ လောလောဆယ်တော့မကြားမိသေးဘူး။ မူးဝေတယ်၊ အော့အန် တယ် အဲလိုအနေအထားတွေတော့ဖြစ်ကုန်၊ မနေ့က အချိန်ကလည်း တော်တော်ကြာတယ်။ အနံ့က တော်တော်နဲ့ မပျောက်ဘူး။ အနည်းဆုံး ၃ နာရီလောက်တော့ ကြာမယ်ထင်တယ်။ ဘယ်လောက် အထိ အောင်အနံ့ဆိုးပျံ့နှံ့လည်းဆိုရင် သူက ဆိပ်မူပတ်ဝန်းကျင်အပြင် ဆိပ်မူနဲ့ ၁၀ မိုင်ဝန်းကျင်‌ လောက်ဝေးတဲ့ လုံးခင်းဘက်က ရပ်ကွက်အချို့အထိပါရောက်တယ်။ အဲလောက်အထိအောင် အနံ့က တော်တော်လေးကို ဆိုးဆိုးရွားရွား သက်ရောက်တာ။ လုံးခင်းဘက် ဆိုရင် ၁၀ မိုင်လောက်တောင် ကွာဝေးသွားတဲ့နေရာပဲ။ အဲဒီဘက် အဖျားခတ်တာတောင် အနံ့ကတော်တော်ပြင်းတဲ့အနေအထား ဆိုတော့ ဆိပ်မူရဲ့အနေအထားက တော်တော်လေးကို ဆိုးတဲ့အနေအထားပေါ့။ မနေ့ကတော့ က လေးငယ်တွေ မူးတာတွေ ရှိတယ်။ အဲဒီမှာ ရေစိုအဝတ်တွေအုပ်ကြ။ ဘာလုပ်ကြနဲ့ အဲဒီအနေ အထား အထိတော့ဖြစ်တာပေါ့။ ဆေးခန်းရောက်တဲ့အထိတော့ လောလောဆယ်မကြားမိသေးဘူး။” ဟု ဖားကန့် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထိုသို့ အနံ့ဆိုးဖြစ်ပေါ်စေသည့်အကြောင်းအရင်းကို KIO အစိုးရတာဝန်ရှိသူများက လိုက်လံရှာဖွေစစ် ဆေးရာ ဆိပ်မူရွာဟောင်းရှိ အင်ဂျင်ဝိုင်ဟောင်းချက်စက်ရုံမှ စွန့်ပစ်အင်ဂျင်ဝိုင်များကိ ဥတုချောင်း အတွင်း စွန့်ပစ်ရာ အနံ့ဆိုးများထွက်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့ကြောင့် စက်ရုံစွန့်ပစ်ပစ္စည်းများကို မဆင်မခြင်ဖြင့် စွန့်ပစ်မှုကြောင့် အများ ပြည်သူလူထုကို ထိခိုက်စေခဲ့သည့် အင်ဂျင်ဝိုင်ဟောင်း ချက် စက်ရုံမှ ပိုင်ရှင်ဖြစ်သူ အသက် ၃၇ နှစ် အရွယ် သက်ဇော်အောင်နှင့် စက်ရုံအလုပ်သမား အသက် ၅၂ နှစ်အရွယ် ဦးအောင်လှိုင်မြင့်တို့ကို KIO အစိုးရ တာဝန်ရှိသူများက ညတွင်းချင်းဖမ်းဆီးပြီး အရေးယူထားကြောင်း သိရသည်။

“အဲဒီနှစ်ဦးကို KIA/KIO က အရေးယူတာပါ။ ဆိပ်မူက တော်လှန်ရေး အင်အားစု KIO/KIA နဲ့ KPDF တွေ ထိန်းချုပ်ထားတာ။ KPDF က တော့ စစ်ရေးအရပေါ့။ KIO/KIA က အုပ်ချုပ်တာပေါ့။ KIO ကနေ အရေးယူတာ။” ဟု ဖားကန့်သတင်းရင်းမြစ်က ရှင်းပြသည်။

အဆိုပါ အင်ဂျင်ဝိုင်ဟောင်းချက်ရုံသည် ဆိပ်မူကျေးရွာ အုပ်ချုပ်ရေးမှူးထံမှ မြေငှားရမ်းကာတည် ဆောက်ထားခြင်းဖြစ်ပြီး တစ်ကြိမ်ချက်လျှင် ပေပါအလုံးရေ ၁၀ ချီချက်ကြောင်း၊ ဆိပ်မူ ကျေးရွာတွင် အင်ဂျင်ဝိုင်းဟောင်းချက်စက်ရုံ အနည်းဆုံး ၂ ခုရှိနိုင်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article