By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဖေဖော်ဝါရီ ၆ ရက် ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
– အကြမ်းဖက် စစ်တပ်ဘက်က ရပ်တည်နေတဲ့ ရန်ကုန်တိုင်းရွှေ အသင်းဥက္ကဋ္ဌ မျိုးမြင့်၊ ဒုဥက္ကဋ္ဌ ၁ မျိုးသူဝင်း နဲ့ အတွင်း ရေးမှူး နေမျိုးထက်ဆိုသူတို့ ရွှေသိုလှောင်ပြီး စျေးတင်ရောင်းချမှုနဲ့ စစ်တပ်ပဲ ပြန်လည်ဖမ်းဆီးလိုက်ပါတယ်။
– ရန်ကုန်မြို့ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ သာသနာ့ ရွှေအောင်လံကျောင်းကို အကြမ်းဖက် စစ်တပ်လက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နဲ့ ပျူစောထီးတွေက ဝင်ရောက်စီးနင်းတာတွေနဲ့ လူငယ်တွေကို စစ်မှုထမ်းအဖြစ် ပေါ်တာဆွဲတာတွေ ဖြစ်ပွားနေတယ်လို့ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်နေ ပြည်သူတချို့က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
– မြန်မာနိုင်ငံမှာ အကြမ်းဖက် စစ်အုပ်စုက ကျင်းပခဲ့တဲ့ အတုအယောင် ရွေးကောက်ပွဲတွေနဲ့ ကြိုတင် ဖန်တီးထားတဲ့ ရလဒ်တွေဟာ မြန်မာနိုင်ငံ အကျပ်အတည်း နဲ့ အကြမ်းဖက်မှုတွေကိုသာ ပိုမိုရှည် ကြာစေမှာဖြစ်တယ်လို့ ကုလအစည်းအဝေးမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း က ပြောလိုက်ပါတယ်။
– အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ ဖိအားပေးမှုတွေ ရှိနေတဲ့အချိန်မှာပဲ ပနားမားတူးမြောင်းပေါ်က အရေးပါရာ ဆိပ်ကမ်း နှစ်ခုကို စီမံခန့်ခွဲနေတဲ့ တရုတ်ကုမ္ပဏီ တစ်ခုကို ပနားမားအစိုးရက နှင်ထုတ် လိုက်မှုကြောင့် တရုတ်နဲ့ပနားမား ဆက်ဆံရေးတင်းမာလာတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။




