25 C
Yangon

ကရင်နီတွင် စစ်တပ်၏ စစ်ကြောင်းထိုးမှုကြောင့် ဒီးမော့ဆို – ဖရူဆို -ထားလဲ -နန်းဖဲ- ဘောလခဲ လမ်းတစ် လျှောက် တိုက်ပွဲများပြင်းထန်နေပြီး ဖြတ်သန်းသွားလာခွင့် KNDFက အကန့်အသတ်မရှိ ပိတ်ပင်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၆

ကရင်နီပြည်တွင် စစ်တပ်၏ စစ်ကြောင်းထိုးမှုကြောင့် ဒီးမော့ဆို – ဖရူဆို -ထားလဲ -နန်းဖဲ- ဘောလခဲ လမ်းတစ် လျှောက် တိုက်ပွဲများပြင်းထန်နေပြီး အများပြည်သူများ ဖြတ်သန်းသွားလာခွင့်ကို KNDFက ရက်အကန့်အသတ်မရှိ ပိတ်ပင်လိုက်ကြောင်း KNDF က တရားဝင် သတင်းထုတ်ပြန်ကြေညာသည်။

ဖေဖော်ဝါရီလ ၅ ရက်နေ့စတင်၍ ဖရူဆိုမြို့မှ ထွက်လာသော စစ်တပ် စစ်ကြောင်းတချို့က ဖရူဆို- ထားလဲ လမ်းနှင့် နန်းဖဲကျးရွာဘက်သို့ ရောက်ရှိနေပြီး ကရင်နီတော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များနှင့် တိုက်ပွဲများဖြစ်ပွားနေကြောင်း ၊ ထို့ကြောင့် ယနေ့ ဖေဖော်ဝါရီလ ၆ ရက်နေ့မှစ၍ ဒီးမော့ ဆို -ဖရူဆို -ထားလဲ -နန်းဖဲ – ဘောလခဲ လမ်းမကြီးကို ရက် အကန့်အသတ်မရှိ ပိတ်ထားမည်ဖြစ် ကြောင်း ၊ ပြည်သူများအနေဖြင့် ဖြတ်သန်းသွားလာခြင်းမပြုလုပ်ကြပါရန် KNDF ဗဟိုသတင်းနှင့်ပြန် ကြားရေးတာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

“စစ်ကောင်စီတပ်တွေက ဖရူဆိုကနေ ဘောလခဲဘက်ကို လှုပ်ရှားစစ်ကြောင်းအနေနဲ့ စစ်ကြောင်း ထိုး နေတာဖြစ်ပါတယ်။ အဲဒါကြောင့် ဒီးမော့ဆို -ဖရူဆို -ဘောလခဲ တောက်လျှောက်၊ ပြည်ထောင်စု လမ်းကြီးတောက် လျှောက်ကို စစ်ကောင်စီတွေက စစ်ကြောင်းထိုးလှုပ်ရှားနေတာဖြစ်တဲ့အတွက် အဲဒီ လမ်းဘေးဝဲယာအနီးတဝိုက်တွေကတော့ လုံခြုံရေးအရ ဘယ်လိုမှကို သွားလာလို့ မသင့်တော်တဲ့နေ ရာတွေဖြစ်ပါတယ်။ စစ်ကောာင်စီရဲ့ စစ်ကြောင်းထိုးရတဲ့ အဓိကရည်ရွယ်ချက်ကတော့ ဖားဆောင်း ဘက်ကို စစ်ကြောင်းထိုးနိုင်ဖို့ဖြစ်ပါတယ်။ အဲဒီတော့ ဒီးမော့ဆိုကနေ ဘောလခဲအထိ တောက် လျှောက်ကို သူတို့ရဲ့ ထောက်ပို့လမ်းကြောင်းတွေ အဆင်ပြေနိုင်အောင်ဆိုပြီးတော့ စစ်ကြောင်းထိုး နေတာမျိုးဖြစ်ပါတယ်။” ဟု KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြာသးည်။

စစ်တပ်က ဖားဆောင်းမြို့ရှိ လက်ကျန်တပ်ရင်းဖြစ်သည့် ခလရ ၁၃၅ သို့ စစ်ကူနှင့် ရိက္ခာပို့ဆောင်နိုင်ရေးအတွက် စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး ဒီးမော့ဆို -ဖရူဆို -ထားလဲ -နန်းဖဲ – ဘောလခဲ လမ်းမကြီး နှင့် လမ်းမကြီးပေါ်ဖြတ်သန်းသွားသည့် လမ်းသွယ်များအားလုံးကိုလည်း KNDF က အရေးပေါ်အခြေအနေ ကြေညာကာ ပိတ်လိုက်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article