26 C
Yangon

Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၇ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဖေဖော်ဝါရီ ၇ ရက် ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

ပြည်တွင်းမှာ ဒေါ်လာ နဲ့ ရွှေ အပါအဝင် စျေးကစားတဲ့ နေရာတွေကို ငွေကြေးတွေ မရောက်အောင် ဆိုပြီး အကြမ်းဖက် စစ်တပ်လက်အောက်ခံ ဗဟိုဘဏ်က ငွေသားထုတ်ယူမှုတွေကို ကန့်သတ်လိုက် ပြန်တဲ့ အတွက် ပုဂ္ဂလိကဘဏ်တွေမှာ ငွေသားတွေ လိုသလောက် ထုတ်လို့မရတော့ဘူးလို့ UMFCCI သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို‌ပြောပါတယ်။

မြန်မာနိုင်ငံမှာ ပညာရေး အားနည်းမှုနဲ့ စဉ်းစားတွေးခေါ် ဆင်ခြင်မှုမရှိတဲ့အတွက် ခေတ်အဆက်ဆက် နိုင်ငံရေးပဋိပက္ခတွေ ဖြစ်ပွားနေတာလို့ အကြမ်းဖက် မင်းအောင်လှိုင်က ထပ်မံ ပြောဆိုလာပြန်ပါတယ်။

ကိုးကန့် MNDAA နဲ့ တရုတ်လုပ်ငန်းရှင်တွေ ဖမ်းဆီးထားတဲ့ ဝမ်စယ် ကျေးရွာသား ၉ ဦးကို ပြန်လွှတ်ပေးဖို့ ရှမ်းလူ့အဖွဲ့အစည်းတွေက တောင်းဆိုနေပါတယ်။

တရုတ်နိုင်ငံက နျူကလီးယား စမ်းသပ်တယ်ဆိုတဲ့ အမေရိကန်ရဲ့ စွပ်စွဲချက်ကို အထောက် အထား မရှိဘူးလို့ နိုင်ငံတကာစောင့်ကြည့်ရေးအဖွဲ့က တုံ့ပြန်လိုက်ပါတယ်။ အမေရိကန် လက်ထောက်နို င်ငံခြားရေး ဝန်ကြီး က ဂျနီဗာမှာလုပ်တဲ့ ကုလသမဂ္ဂ ညီလာခံမှာ ‘တရုတ်နိုင်ငံဟာ ၂၀၂၀ ခုနှစ် ဇွန်လတုန်းက နျူကလီးယားစမ်းသပ်မှုတွေ လျှို့ဝှက်လုပ်ခဲ့တာကို အမေရိကန်က သိထားတယ်ဆိုပြီး ပြောခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article