By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဖေဖော်ဝါရီ ၉ ရက် ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-တရုတ်နိုင်ငံကတော့ မကြာသေးခင်ကာလအတွင်း မြန်မာနိုင်ငံသားတွေပါဝင်တဲ့ ကျားဖြန့် ရာဇဝတ် ဂိုဏ်းခေါင်းဆောင်တွေနဲ့ သူတို့မိသားစုဝင်တွေကို ဆက်တိုက်သေဒဏ်ပေးပြီး ကွပ်မျက်နေပေမယ့် မြန်မာစစ်တပ်ဘက်ကတော့ ကျားဖြန့်အွန်လိုင်းလိမ်လည်မှုနဲ့ ဆက်နွယ်တဲ့ ပြစ်မှုတွေကို သေဒဏ် စီရင်ပြီး တကယ့်တမ်းကွပ်မျက်တာမျိုး မရှိသေးဘူးလို့ ဟောင်ကောင် အခြေစိုက် South China Morning Post သတင်းစာက ဝေဖန်ထောက်ပြထားပါတယ်။
ရန်ကုန်မှာ ကျင်းပမယ့် Invasion Festival ဂီတပွဲတော်ကို လာရောက်ဖျော်ဖြေရမယ့် ကမ္ဘာကျော် DJ တစ်ဦးဖြစ်တဲ့ ၀ူကောင် ကို မြန်မာနိုင်ငံထဲ ပြည်ဝင်ခွင့်မပေးဘဲ ရန်ကုန်လေဆိပ်ကနေ စစ်တပ်ဘက်က လှည့်ပြန်ခိုင်းလိုက်တယ်လို့ ပြည်တွင်း DJ အသိုင်းအဝိုင်းနဲ့ ၀ူကောင်ကိုယ်တိုင်ရဲ့ လူမှုကွန်ရက် ကြေညာချက်တွေကနေ သိရပါတယ်။
ချင်းပြည်နယ် ဖလမ်းမြို့နယ်မှာ လွန်ခဲ့တဲ့၂ လအတွင်းဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့် စစ်တပ်ဘက်က ဗိုလ်မှူးအဆင့်အထိ အရာရှိ ၉ ဦးအပါအဝင် စစ်သား ၂၀၀ ခန့် သေဆုံးခဲ့ပြီး စစ်သုံ့ပန်းတွေ၊ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိထားတယ်လို့ ချင်းပြည်အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်း ဌာနကို ပြောပါတယ်။
တရုတ်နိုင်ငံမြောက်ပိုင်း၊ ရှမ်းရှီးပြည်နယ်က ဇီဝနည်းပညာစက်ရုံတစ်ရုံမှာ စနေနေ့မနက်ပိုင်းက ပြင်းထန်တဲ့ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ဒီဖြစ်စဉ်ကြောင့် အခုဆိုရင် သေဆုံးသူအရေ အတွက်ဟာ စုစုပေါင်း ၈ ဦးအထိ ရှိလာပြီဖြစ်တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။




