34 C
Yangon

မြန်မာ့အရေးကို အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ဖြင့် ဆက်လက်ကိုင်တွယ်မည်ဖြစ်ပြီး မြန်မာစစ်တပ်၏ ရွေး ကောက်ပွဲရလဒ်ကို အသိအမှတ်မပြုဟု အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထပ်မံပြော

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀

မြန်မာ့အရေးကို အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ဖြင့် ဆက်လက်ကိုင်တွယ်မည်ဖြစ်ပြီး အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးရေးကို ဦးစားပေးမည်ဖြစ်ကြောင်း၊ မြန်မာစစ်တပ်၏ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုကြောင်း အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရို (Theresa Lazaro) က ထပ်မံပြောဆိုသည်။

ဖေဖော်ဝါရီလ ၆ ရက်နေ့ စင်ကာပူနိုင်ငံရှိ ISEAS – Yusof Ishak အင်စတီကျုတွင် ပြုလုပ်ဟော အထူးဟော ပြောပွဲတွင် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မာရီယာ ထရီဆာ လာဇာရို (Ma. Theresa P. Lazaro) က အထက်ပါအတိုင်းပြောဆိုသွားခြင်းဖြစ်သည်။

အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အဖြစ် တာဝန်ယူထားသည့် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရို (Theresa Lazaro) က မြန်မာ့အရေးနှင့် ပတ်သက်၍ အာဆီယံ၏ ရှေ့လုပ်ငန်းစဉ်များနှင့် ဦးစားပေးအချက်များအနက် အာဆီယံဘုံသဘောတူညီချက ၅ ရပ်မှာ အဓိကမူဘောင်ဖြစ်နေဆဲ ဖြစ်ကြောင်း၊ မြန်မာ့အရေးကို ဖြေရှင်းရာတွင် အာဆီယံနိုင်ငံများအကြား စုပေါင်းသဘောတူညီထားသည့် “ဘုံသဘောတူညီချက် ၅ ရပ်(Five-Point Consensus)” သည်သာ အဓိကလမ်းပြမြေပုံအဖြစ် ဆက်လက်တည်ရှိနေကြောင်း အတည်ပြုသည်။

အဆိုပါ မူဘောင်သည် အာဆီယံ၏ စုပေါင်းချဉ်းကပ်မှုအတွက် အလွန်အရေးပါသော အခြေခံအုတ်မြစ်ဖြစ် ကြောင်း သူမက မီးမောင်းထိုးပြခဲ့သည်။

ထို့ပြင် မြန်မာ့အရေးအတွက် တွေ့ဆုံဆွေးနွေးရေးနှင့် အားလုံးပါဝင်နိုင်မှု အဖြစ် ပဋိပက္ခအတွင်း ပါဝင်ပတ်သက်နေသူများအကြား တွေ့ဆုံဆွေးနွေးခြင်း (Dialogue) ကို အဓိကထား လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် မည်သူ့ကိုမျှ ချန်လှပ်ထားခြင်းမရှိဘဲ ဘက်ပေါင်းစုံမှ အင်အားစုများ စုံစုံလင်လင် ပါဝင်နိုင်ရေး (Inclusivity) သည် အလွန်အရေးကြီးကြောင်း သူမက ဆိုသည်။

မြန်မာ့အရေးသည် ဒေသတွင်း တည်ငြိမ်မှုအတွက် အရေးပါသဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား စနစ်တကျ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်မှုများ (Coordinated regional efforts) ကို ပိုမိုအားကောင်းလာစေရန် ဆောင်ရွက်သွားမည်ဟု ဝန်ကြီးက အလေးအနက် ပြောကြားခဲ့သည်။

“အာဆီယံရဲ့ ရပ်တည်ချက်နဲ့ ပတ်သက်ပြီး မေးခွန်းတွေ ရှိနေပေမယ့် ကျမတို့ရဲ့ အခြေခံမူကတော့ ပြောင်းလဲမှာမဟုတ်ပါဘူး” ဟု စင်ကာပူနိုင်ငံ ISEAS – Yusof Ishak အင်စတီကျုတွင် ပြုလုပ်သည့် ဟောပြောပွဲတွင် သူမက အလေးပေး ပြောဆိုသွားသည်။

အာဆီယံအနေဖြင့် မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုများ ရပ်တန့်ခြင်း မရှိသရွေ့ စစ်တပ်က ဦးစီးကျင်းပသည့် ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုမည်မဟုတ်ကြောင်း၊ ယခင်ရပ်တည်ချက်အတိုင်း ခိုင်ခိုင်မာမာ ဆက်လက်ရှိနေမည်ဖြစ်ကြောင်း ဝန်ကြီး လာဇာရိုက ထပ်လောင်းအတည်ပြု ပြောကြားသွားခဲ့သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article