27 C
Yangon

မြေနီကုန်းတံတားအောက်တွင် ဗုံးပေါက်ကွဲပြီး ထိခိုက်ဒဏ်ရာရသူတချို့ရှိ၊ လှိုင်သာယာ ၅ ထိပ် ပန်းခြံတွင်လည်း ဗုံးပေါက်ပြီး ၂ ဦးထိခိုက်

Must read

ရန်ကုန်၊ ဇူလိုင် ၁၂

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ မြေနီကုန်းတံတအားအောက်တွင် ယနေ့ ည နေ ၃ နာရီကျော်အချိန်တွင် ဗုံးပေါက်ကွဲပြီး ထိခိုက်ဒဏ်ရာရသူများရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။

“ဗုံးကတော့ မြေနီကုန်းကုန်းတံတားအောက်မှာပေါက်တယ်။ ညနေ ၃ နာရီ ၂၀ ဝန်းကျင်လောက်။ လူ ၂ ဦးထိတယ်။ ၁ယောက်ကို အိမ်စီးကားတစီးနဲ့ဆေးရုံခေါ်သွားတယ်ထင်တယ်။ နောက်၁ ယောက်ကိုစစ်ကားက ခေါ်သွားတယ်။ အခုထိရဲနဲ့စစ်သားတွေ ရှိနေတယ်။ လက်နဲ့ ခြေထောက်တွေ ထိတယ်ပြောတယ်” ဟု မျက်မြင်ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် ဟံသာ၀တီအဝိုင်းအနီး မြို့ထဲမှ ပြန်လာသော ကားများကို စစ်တပ်က ပိတ်ဆို့စစ်ဆေးနေကြောင်း သိရှိရသည်။

အလားတူ လှိုင်သာယာမြို့နယ် ၅ ထိပ် ပန်းခြံနှင့်ပီမိုးနင်းလမ်းထောင့်တွင် ယနေ့ ဇူလိုင် ၁၂ ရက်နေ့ မွန်း လွဲ ၂ နာရီဝန်းကျင်အချိန် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူ ၂ ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။

“ဗုံးပေါက်ကွဲတယ်။ နှစ်ယောက်ထိတယ် ပြောတယ်။ စစ်ခွေးတွေ ရောက်နေကြပြီ ဒဏ်ရာရသူတွေက မစိုးရိမ်ရဘူး” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- ယခုဗုံးပေါက်ကွဲမှုအပြီး မြေနီကုန်းတံတားအောက် မြင်ကွင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article