35 C
Yangon

စစ်အာဏာရှင် တော်လှန်ရေး စုဖွဲ့မှုများ ပိုမိုလုပ်ဆောင်နိုင်ရန် ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ် အပိုင်း ၂ ကို ပြုပြင် ပြောင်းလဲရေး NUCC နှင့် NUG တို့ဆွေးနွေး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁

စစ်အာဏာရှင် စနစ် အမြစဖြတ်ချေမှုန်ရေးနှင့်တော်လှန်ရေး စုဖွဲ့မှုများ ပိုမို လုပ်ဆောင်နိုင်ရန် ဖက်ဒရယ် ဒီမိုကရေစီပဋိညာဉ် အပိုင်း ၂ ကို ပြုပြင်ပြောင်းလဲရေးအတွက် NUG အစိုးရနှင့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း NUCC သတင်းပြန်ကြားရေး နှင့် လူထုဆက်ဆံရေးအလုပ်အဖွဲ့ တာဝန်ရှိသူ ဦးနောင်ချိုက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဖေဖော်ဝါရီလ ၈ ရက်နေ့ ည ၇ နာရီမှ ၁၁ နာရီ ၁၄ မိနစ်အထိအမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင် စီ (NUCC) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့အကြား ဒုတိယအကြိမ်တွေ့ဆုံခဲ့ပြီး အား ကောင်းခိုင်မာသော တော်လှန်ရေးဦးဆောင်မှုတခုပေါ်ပေါက်စေရန်ရည်ရွယ်၍ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်အစိတ်အပိုင်း ၂ ပြင်ဆင်ရေး လုပ်ဆောင်နိုင်ရန် အဓိကထား ဆွေးနွေးခဲ့ကြောင်း သိရသည်။

“တော်လှန်ရေးဦးဆောင်မှုကို ခိုင်မာအားကောင်းအောင် လုပ်မယ်ဆိုရင် လက်ရှိ ရှိပြီးသား NUG ၊ NUCC ၊ CRPH တို့ရဲ့ အထိုင်ဖြစ်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ် အစိတ်အပိုင်း ၂ ရှိတာကိုး၊ ဖက် ဒရယ် ဒီမိုကရေစီ ပဋိညာဉ် အစိတ်အပိုင်း ၂ ကို ကျနော်တို့က တော်လှန်ရေးဦးဆောင်မှုအားကောင်း ရေးနဲ့ကိုက်ညီတဲ့ ပြုပြင်ပြောင်း လဲမှုတွေ ကျနော်တို့ ပြန်လုပ်ရမှာ။ အဲဒီအတွက်ကြောင့်မို့လို့ ဖက်ဒ ရယ် ဒီမို ကရေစီ ပဋိညာဉ် အပိုင်း ၂ ပြန်လည်ပြင်ဆင်ရေး ဒီကိစ္စကို အဓိကထားဆွေးနွေးတယ်၊ အဓိ က ကတော့ ဖက်ဒရယ် ဒီမိုကရေစီပဋိညာဉ် အစိတ် အပိုင်း ၂ ရဲ့ အခန်းကဏ္ဍကို မပြင်ဘဲနဲ့ တခြား သော တော်လှန်ရေးဦးဆောင်မှုဆိုတဲ့ စုဖွဲ့မှုတွေက ခက်နိုင်တယ်။ အဲဒီအတွက်ကြောင့်မို့ အကယ်၍ တော်လှန်ရေးဦးဆောင်မှုတွေ ခိုင်မာ အားကောင်းအောင်လုပ်မယ်ဆိုရင် ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ် အပိုင်း ၂ ကိုပြင်ဆင်ရမှာ။ ဒါ့ကြောင့် ဒီဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ် ပိုင်း ၂ ပြင်ဆင် ရေးမှာ နည်းမှန်လမ်းမှန်ပြုပြင်ပြီးတော့ ပြောင်းလဲသွားဖို့ လိုတယ်ဆိုတာကို ဆွေးနွေးဖြစ်ပါတယ်။” ဟု NUCC သတင်းပြန်ကြားရေး နှင့် လူထုဆက်ဆံရေးအလုပ်အဖွဲ့ တာဝန်ရှိသူ ဦးနောင်ချိုက ရန် ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထို့အပြင် NUCC ပြုပြင်ပြောင်းလဲရေး၊ ဖက်ဒရယ်အသွင်ကူးပြောင်းရေးအစီအမံများဆိုင်ရာ အခြေခံ ဥပဒေ AFTA ရှေ့ဆက်ရေးဆွဲနိုင်ရေးနှင့် NUCC/NUG ပေါင်းစပ်ညှိနှိုင်းရေးကော်မတီများ၏ အခြေ အနေများကို ဆွေးနွေးခဲ့ကြကာ ကောင်းမွန်သော သဘောတူညီမှုများစွာရရှိခဲ့ကြောင်း သိရသည်။

“နောက်တစ်ခုကတော့ ဖက်ဒရယ် အသွင်ကူးပြောင်းရေး အစီအမံများဆိုင်ရာ အခြေခံ ဥပဒေ -AFTA ပေါ့၊ ကျနော်တို့မူလ NUCC က ထုတ်ပြန်ထားတဲ့ ၈၀ ရာခိုင်နှုန်းပြီးသွားပြီဆိုတဲ့ AFTA ကို ဆက်လက် ရေးဆွဲနိုင်ရေးကိစ္စ တိုင်ပင်ဆွေးနွေးကြတယ်၊ နောက်တစ်ခုကတော့ NUCC ရဲ့ ပြုပြင်ပြောင်းလဲ ရေး ကိစ္စပေါ့၊ ဒီဟာတွေကတော့ အခုလက်ရှိတော်လှန်ရေးမှာ တော်လှန်ရေးဦးဆောင်မှု ခိုင်မာအား ကောင်းရေးအတွက် အဓိကကျတဲ့ အချက်တွေဖြစ်နေတာပေါ့။ ဒီအချက်တွေကို ကျနော်တို့ အကြေ အလည်ဆွေးနွေးကြတာဖြစ်ပါတယ်။” NUCC သတင်းပြန်ကြားရေး နှင့် လူထုဆက်ဆံရေး အလုပ် အဖွဲ့ တာဝန်ရှိသူ ဦးနောင်ချိုက ရှင်းပြသည်။

အလားတူ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) တွင် ပါဝင်သော ပြည်နယ်၊ ဖက် ဒရယ်ယူနစ် အစုအဖွဲ့များဘက်မှ ကောင်စီဝင်ခေါင်းဆောင်များနှင့်အတူ ကျန်အစုအဖွဲ့အသီးသီးမှ ကောင်စီဝင်များတက်ရောက်ခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ Political Coordination Commission (PCC) တွင်ပါဝင်သော ပြည်ထောင်စုဝန်ကြီးများ၊ ဒုဝန်ကြီးများနှင့် NUG တာဝန်ရှိသူ များတက်ရောက်ခဲ့ပြီး ပုံမှန်အားဖြင့် ၂ ပတ်တစ်ကြိမ်တွေ့ဆုံကြရန် ပြောဆိုခဲ့ကြောင်း သိရသည်။

“ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်အပိုင်း ၂ ပြင်ဆင်ရေးကိစ္စမှာ NUG လည်း ပါဝင်ဖို့လိုတာပေါ့၊ ဘာ ကြောင့် လဲဆိုရင် NUG ကိုယ်တိုင်က Charter 2 ရဲ့အဖွဲ့ဝင်ဖြစ်နေတာကိုး၊ အဲဒီအတွက်ကြောင့် NUG ပါဝင်ဖို့ကိစ္စ ဆွေးနွေးတယ်၊ နောက်တစ်ခု NUG နဲ့ K3C ပေါ့နော်၊ အခုလည်းသတင်းတွေတက်နေ တာရှိပါတယ်။ Federal Steering Council လို့လည်းပြောတယ်။ Spring Federal Council လို့ လည်း ပြောတယ်။ ဒါပေမယ့် နာမည်ကတော့ သူတို့အတည်တကျမဖြစ်သေးဘူး။ အဲဒီကိစ္စတွေ လည်း ဆွေးနွေးဖြစ်ပါတယ်။” ဟု NUCC သတင်းပြန်ကြားရေး နှင့် လူထုဆက်ဆံရေးအလုပ်အဖွဲ့ တာဝန်ရှိသူ ဦးနောင်ချိုက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article