28 C
Yangon

ပြည်ထောင်စုသစ်တည်ဆောက်ရေး သန်းနှင့်ချီသော ပြည်သူတစ်ရပ်လုံးရှိထားပြီးဖြစ်၍ လူမျိုးခေါင်းဆောင်အသီးသီးက အမြော်အမြင်ကြီးကြီးဖြင့် ပေါင်းစည်းကြရန် NUG ယာယီသမ္မတ တိုက်တွန်း

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂

ပြည်ထောင်စုသစ်တည်ဆောက်ရေး သန်းနှင့်ချီသော ပြည်သူတစ်ရပ်လုံးရှိထားပြီးဖြစ်၍ လူမျိုးခေါင်းဆောင်အသီးသီးက အမြော်အမြင်ကြီးကြီး၊ သဘောထားကျယ်ကျယ်ပြန့်ပြန့်ဖြင့် ပေါင်းစည်းခေါင်းဆောင်နိုင်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ-NUG ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းလိုက်သည်။

ယနေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ကျရောက်သော ၇၉ နှစ်မြောက် ပင်လုံစာချုပ်ချုပ်ဆိုခြင်းနေ့ (ပြည်ထောင်စုနေ့) အခမ်းအနားမိန့်ခွန်းတွင် ယာယီသမ္မတက အထက်ပါအတိုင်းပြောကြားဆိုလိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံကို လွတ်လပ်ခွင့်၊ တရားမျှတမှုနှင့် တန်းတူညီမျှမှုများ ဖြစ်ထွန်းနေသည့် ခေတ်သစ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ် တည်ဆောက်ရေးကို အတူတကွ တက်လှမ်းနိုင်ရေး လိုအပ်ကြောင်း သူက ပြောဆိုသည်။

“အခုဆိုရင် ပြည်ထောင်စုသစ်တည်ဆောက်ရေးအတွက် ကျနော်တို့ဆီမှာ သန်းနဲ့ချီသော ပြည်သူလူထုပ်ရပ်လုံးရှိထားပြီးဖြစ်ပါတယ။ သင်္ကဆိုင်ရာ လူမျိုးစုခေါင်းဆောင်အသီးသီးက အမြော်အမြင်ကြီးကြီး၊ သဘောထားကျယ်ကျယ်ပြန့်ပြန့် နဲ့ ပေါင်းစည်းခေါင်းဆောင်နိုင်ကြဖို့ အလေးအနက်တိုက်တွန်းလိုပါတယ်” ဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုသည်။

ယင်းအပြင် တိုင်းရင်းသားခေါင်းဆောင်များအနေဖြင့် ပြည်သူလူထု၏ဆင်းရဲဒုက္ခနှင့် အထွေထွေအကျပ်အတည်းများကို လျစ်လျူမထားရန်လည်း ၎င်းက တိုက်တွန်းသည်။

“ကျနော့်အနေနဲ့ ဒီနေရာကနေ တိုင်းရင်းသားခေါင်းဆောင်အသီးသီးကို အထူးမေတ္တာရပ်ခံလိုတာရှိ ပါတယ်။ ကျနော်တို့အနေနဲ့ပြည်ထောင်စုစစ်စစ်ကိုဖော်ဆောင်နိုင်ဖို့ဆိုရင် သဘောထားကြီးမှုနဲ့ အ မြော်အမြင်ကြီးမှုက အင်မ aaaတန်အရေးကြီးပါတယ်။ လူအများစုကနေ လူအနည်းစုကို ဖိနှိပ်တာ၊ လူ အုပ်ကြီးကနေ လူတစ်ဦးချင်းစီကို ဖိနှိပ်တာတွေ ဒီနေ့ကာလအထိ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ထွန်း နေ ဆဲဖြစ်တယ်၊ ကျနော်တို့တိုင်းရင်းသား အထွေထွေနစ်နာဆုံးရှုံးမှုတွေကို ယနေ့အချိန်ကာလမှာ အဆုံး သတ်နိုင်ဖို့လိုနေပြီဖြစ်ပါတယ်။ ပြည်သူတစ်ရပ်လုံးရဲ့ ဆင်းရဲဒုက္ခနဲ့ အထွေထွေ အကြပ်အတည်းကို လျစ် လျူမရှုကြဖို့ ကျနော့်အနေနနဲ့ အလေးအနက်တိုက်တွန်းလိုပါတယ်။” ဟု NUG အစိုးရ ယာယီ သမ္မတဒူဝါလရှီးလကပြောကြားသည်။

လွတ်လပ်ခွင့်၊ တရားမျှတခွင့်နှင့် တန်းတူညီမျှခွင့်များ ဖြစ်ထွန်းရန်အတွက် ခေတ်သစ် ဖက်ဒရယ် ဒီမို ကရေစီ ပြည်ထောင်စုတည်ဆောက်ရေးကို အတူတကွ တက်လှမ်းနိုင်ရန် လိုအပ်ကြောင်း၊ တစ် ယောက်အားဖြင့် ယူလို့မရသည့် အရာကို တစ်သောင်းအားဖြင့် ယူရမည်ဖြစ်ပြီး တစ်သောင်းအားဖြင့် ယူ၍ မရပါက တစ်သိန်းအားဖြင့် ယူရမည်ဖြစ်ကြောင်း ယာယီ သမ္မတက အသိပေး ထားသည်။

ယခုနွေဦးတော်လှန်ရေးသည် ဒီမိုကရေစီသက်သက်၊ အရပ်သားအစိုးရ တစ်ခုပေါ်ပေါက်ရေးထက် ပိုမို ကျယ်ပြန့်ပြီး တိုင်းရင်းသားအားလုံးပါဝင်သည့် နွေဦးတော်လှန်ရေးလှုပ်ရှားမှုကြီးဖြစ်ကြောင်း၊ ယခုလက်ရှိ တိုင်းရင်းသားနယ်မြေအသီးသီးတွင် အောင်ပွဲရရှိနေခြင်းက သက်သေပြလျက်ရှိပြီး ပြည် ထောင်စုစစ်စစ်ပေါ်ထွန်းရေးကို ဦးတည်လျှောက်လှမ်းနေကြောင်း ယာယီသမ္မတဒူဝါလရှီးလက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article